Jolie နှင့် ကွာရှင်းပြီးလျှင် ကလေးများကို ပူးတွဲအုပ်ထိန်းခွင့် ရရေးအတွက် Brad Pitt လျှောက်ထား


မင်းသား Brad Pitt သည် သူနှင့် Angelina Jolie ကွာရှင်းပြီးလျှင် ၄င်းတို့၏ ကလေးခြောက်ယောက်ကို ပူးတွဲ အုပ်ထိန်းခွင့် ရရှိရေးအတွက် တရားရုံးတွင် လျှောက်ထားလိုက်သည်။

မင်းသမီး Jolie သည် ကွာရှင်းပြတ်စဲခွင့်ကို စက်တင်ဘာ ၁၉ ရက်နေ့က လျှောက်ထားခဲ့ရာ ကလေးများကို သူမ တစ်ဦးတည်း အုပ်ထိန်းခွင့်ရရေးအတွက် လျှောက်ထားခဲ့ပြီး၊ ထိုအတိုင်းဆိုလျှင် Brad Pitt မှာ ကလေးများထံ သွားရောက်လည်ပတ်ခွင့်လောက်သာ ရရှိမည်ဖြစ်သည်။ ထိုအချက်ကို တုံ့ပြန်သောအားဖြင့် မင်းသား Brad Pitt သည် ကလေးများကို သူနှင့် Jolie တရားဝင် ပူးတွဲအုပ်ထိန်းခွင့် ရရေးအတွက် တရားရုံးတွင် သောကြာနေ့က လျှောက်ထားခဲ့ခြင်း ဖြစ်သည်။

လွန်ခဲ့သော သီတင်းပတ်များအတွင်း Bradd Pitt နှင့် Jolie တို့ ဇနီးမောင်နှံဟောင်းနှစ်ဦး တရားဝင် ကွာရှင်းပြတ်စဲရေး ညှိနှိုင်းရာတွင် ၄င်းတို့၏ ကလေးခြောက်ဦးအား အုပ်ထိန်းခွင့် မှာ အဓိက သဘောထား ကွဲလွဲစရာ အချက် ဖြစ်နေသည်။

လက်ရှိကာလတွင် ကလေးများသည် Jolie နှင့် အတူ နေထိုင်လျက်ရှိကြောင်း ၄င်းတို့နှင့် နီးစပ်သူတစ်ဦးက People မဂ္ဂဇင်းကို ပြောပြခဲ့သည်။

“ဂျိုလီဟာ ကလေးတွေကိုပဲ အဓိက အာရုံစိုက်နေပါတယ်။ အလုပ်နဲ့ တခြားဟာတွေ အားလုံးကို သူ ဘေးချိတ်ထားပါတယ်။ သူဟာ အိမ်မှာပဲ နေ့တိုင်းနေပြီး ကလေးတွေကို ကူညီစောင့်ရှောက် ပေးနေပါတယ်။ အိမ်စာတွေ ကူလုပ်ပေးနေပါတယ်” ဟု ထိုသူက ပြောပြခဲ့သည်။
Mizzima - News in Burmese
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.