KNU ညီလာခံကို လာမယ့် မတ်လမှာ ကျင်းပမည်



ရန်ကုန်မြို့ အင်းယားလိတ်ဟိုတယ်မှာ ဇူလိုင်လ ၂ ရက်နေ့က ကျင်းပတဲ့ "မြန်မာနိုင်ငံ ဖက်ဒရယ်စနစ်ဆိုင်ရာ အဓိက မူဝါဒဆွေးနွေးပွဲ" မှာ ကရင်အမျိုးသား အစည်းအရုံး ဒုတိယ ဥက္ကဌ နော်စီဖိုးရာစိန် ကို တွေ့ရစဉ် ရန်ကုန်မြို့ အင်းယားလိတ်ဟိုတယ်မှာ ဇူလိုင်လ ၂ ရက်နေ့က ကျင်းပတဲ့ "မြန်မာနိုင်ငံ ဖက်ဒရယ်စနစ်ဆိုင်ရာ အဓိက မူဝါဒဆွေးနွေးပွဲ" မှာ ကရင်အမျိုးသား အစည်းအရုံး ဒုတိယ ဥက္ကဌ နော်စီဖိုးရာစိန် ကို တွေ့ရစဉ်
Photo: Kyaw Lwin Oo/RFA
၎ နှစ် တစ်ကြိမ်ကျင်းပရတဲ့ ကရင်အမျိုးသားအစည်းအရုံး KNU ညီလာခံကို လာမယ့် ၂၀၁၇ ခုနှစ် မတ်လ မှာ ပြောင်းလဲကျင်းပဖို့ KNU ဗဟိုအမြဲတမ်းကော်မတီက ဆုံးဖြတ်လိုက်တယ်လို့ KNU ဒုတိယ ဥက္ကဌ ပဒိုနော်စီ ဖိုးရာစိန်ကပြောပါတယ်။

၁၆ ကြိမ်မြောက် KNU ညီလာခံကို ဒီနှစ် နိုဝင်ဘာလမှာ ကျင်းပရမှာဖြစ်ပေမယ့် အမျိုးသားအဆင့်နိုင် ငံရေးဆွေးနွေးပွဲတွေအတွက် ကြိုတင်ပြင်ဆင်ချိန် ရဖို့ ရွှေ့ဆိုင်းလိုက်တာလို့ KNU ကရင်အမျိုးသားအစည်းအရုံး ဒုတိယ ဥက္ကဌ ပဒိုနော်စီဖိုးရာစိန် ကပြောပါတယ်။

"တကယ်တမ်းတော့ ကျမတို့ ၄ နှစ်တကြိမ် ကျင်းပရမှာဖြစ်ပါတယ်။ ဒါပေမယ့် နိုင်ငံရေး အခြေအနေ၊ အရေးကြီးတဲ့ နိုင်ငံရေး လုပ်ရမယ့် အချက် အလက်တွေရှိတဲ့ အပေါ်မှာ မူတည်ပြီးတော့ ကွန်ဂရက်က မတ်လအထိ ရွှေ့ဆိုင်းသွားတာဖြစ်တယ် ။ အမျိုးသား အဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ စပြီး လုပ်ဖို့ အတွက်ကလည်း လုပ်ရမယ့် အချက်အလက်တွေရှိတယ်။ ဒါကိုလည်း အဆင့်အဆင့်နဲ့ လုပ်ရတဲ့ အတွက်ကြောင့် အချိန်ကလဲ ကပ်နေတဲ့အတွက်ပေါ့လေ၊ မတ်လအထိ ရွှေ့ဆိုင်းလိုက်ရတာဖြစ် တယ်။" လို့ ပြောပါတယ်။

KNU ညီလာခံမှာ ပြည်တွင်း ပြည်ပက ကရင်လူမျိုးတွေ ကျယ်ကျယ်ပြန့်ပြန့် တက်ရောက် နိုင်ဖို့ဖိတ်ကြား သွားမှာဖြစ်ပြီး သူတို့ရဲ့သဘောထားတွေကို နားထောင် သွားမယ်လို့လည်း ပဒိုနော်စီဖိုးရာစိန် ကပြောပါတယ်။

ဒါ့အပြင် ဒုတိယအကြိမ် ၂၁ ရာစုပင်လုံညီလာခံကို လာမယ့် ၂၀၁၇ခုနှစ် ဖေဖော်ဝါရီလမှာ ကျင်းပမှာဖြစ် တာကြောင့် အဲဒီအတွက် ပြင်ဆင်ဖို့ အချိန်လိုအပ် တယ်လို့ ပြောပါတယ်။

ကရင် အမျိုးသား အစည်းအရုံး KNU ရဲ့ အခြေခံဥပဒေအရ အရေးကြီးတဲ့ ကိစ္စရှိရင် ညီလာခံကို ၂ နှစ်အထိ အချိန် ရွှေ့ပြောင်းနိုင်တယ်လို့ ဖော်ပြထားပါတယ်။

၎ နှစ်တကြိမ်ကျင်းပမြဲဖြစ်တဲ့ ညီလာခံကနေ KNU ခေါင်းဆောင်ပိုင်းကို မဲပေးရွေးချယ်မူတွေ ပြုလုပ်မှာဖြစ်ပါတယ်။

ဒါပေမယ့် နိုင်ငံရေး ပြဿနာကို နိုင်ငံရေး နည်းနဲ့သာ ဖြေရှင်းရမယ်ဆိုတဲ့ မူဝါဒကို ချမှတ်ထား တာကြောင့် ခေါင်းဆောင်ပိုင်းပြောင်းလဲ သွားမယ်ဆိုရင်လည်း အစိုးရနဲ့ ဆက်ဆံတဲ့ မူဝါဒကတော့ ပြောင်းလဲမှာ မဟုတ်ဘူးလို့ ပဒိုနော်စီဖိုးရာစိန်က ပြောပါတယ်။

ဒါ့အပြင် ပဒိုနော်စီဖိုးရာစိန်က တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အားလုံးပါဝင်ဖို့အရေးကြီးကြောင်းနဲ့ ဒီလိုပါဝင်နိုင်မှ အရေးကြီးတဲ့ နိုင်ငံရေးဆွေးနွေးပွဲ လမ်းကြောင်းကို တက်လှမ်းနိုင်မှာဖြစ်တယ်လို့ ပြောပါတယ်။
RFA
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.