NLD ခေါင်းဆောင်များအနေဖြင့် အတွေ့အကြံနည်းပါးမှုကြောင့် အမှားအယွင်းများ ရှိနိုင်ဟု ဆို


NLD ခေါင်းဆောင်များက ယင်းတို့အနေဖြင့် အမှားအယွင်းရှိပါက သဘောထားနိမ့်ကျမှုကြောင့် မဟုတ်ဘဲ အတွေ့အကြုံနည်းပါးမှုကြောင့်သာ ဖြစ်သည်ဟု ပြောကြားကြောင်း စင်ကာပူသတင်းဌာန Today နှင့် Channel News Asia တို့က ဖော်ပြထားသည်။

ပါတီဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးဉာဏ်ဝင်းက “အတွေ့အကြုံနည်းပါးမှု။ ဒီမိုကရေစီအတွက် ဥပဒေပိုင်း အားနည်းမှု၊ အထူးသဖြင့် အခြေခံဥပဒေဆိုင်ရာ အားနည်းမှုတွေကြောင့် အခု အခြေနေက လုံလောက်တဲ့ ကောင်းမွန်မှု မရှိသေးပါဘူး” ဟု ပြောသည်။

“လူတွေက ကျွန်တော်တို့ကို အရာအားလုံး မြန်မြန်ဆန်ဆန် လုပ်စေချင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ မလုပ်နိုင်ပါဘူး။ ကျွန်တော်တို့က အမျိုးသားရင်ကြားစေ့ရေးကို ဦးစားပေးအဖြစ် ရွေးချယ်ထားပြီး စစ်တပ်နဲ့ အခြားဗျူရိုကရက်တွေ ကျွန်တော်တို့နဲ့ လက်တွဲလာဖို့ ကြိုးစားနေပါတယ်” ဟု ဦးဉာဏ်ဝင်းက ဆိုသည်။

အစိုးရအပေါ် လွတ်လပ်စွာဝေဖန်နိုင်ခွင့်နှင့် ပတ်သတ်၍ မေးမြန်းရာတွင် ဦးဉာဏ်ဝင်းက “ကျွန်တော်တို့နိုင်ငံမှာ လွတ်လပ်စွာ ထုတ်ဖော်ခွင့်ကို ကန့်သတ်တဲ့ ဥပဒေ အများအပြားရှိခဲ့ပြီး ကျွန်တော်တို့ အဲဒီဥပဒေတွေကို သိသိသာသာ လျှော့ချခဲ့ပါတယ်။ အခုဆိုရင် ဆန္ဒဖော်ထုတ်ဖို့ ခွင့်ပြုချက်ယူစရာ မလိုတော့တဲ့အတွက် ဥပဒေက အတော်လေး လှုပ်သာရှားသာ ဖြစ်လာပါပြီ” ဟုဖြေကြားသည်။

အသက် ၆၈ နှစ်ရှိ အငြိမ်းစား သင်္ဘောသားဟောင်း ဦးသိန်းမောင်က အစိုးရသစ်သည် ခြစားမှုမရှိဘဲ ပိုမိုထိရောက်မှုရှိလာသည်ဟုဆိုသည်။ ယင်းက “အခုအစိုးရက အလွန်ကောင်းပါတယ်” ဟုပြောသည်။ထို့အပြင် တန်ဖိုးနည်းအိမ်ယာ စီမံကိန်းများ၊ စက်ရုံသစ်များမှ အလုပ်အကိုင်အခွင့်အလမ်းများကြောင့် လူနေမှုအခြေအနေ ပိုမိုကောင်းမွန်လာသည်ဟု ဦးသိန်းမောင်ကဆိုသည်။

အသက် ၃၆ နှစ်ရှိ ယာဉ်မောင်း ဦးနေကြည်ဝင်းက ဒေါ်အောင်ဆန်းစုကြည်၏ ဆောင်ရွက်မှုများကို နားလည်သော်လည်း NLD အနေဖြင့် ထောက်ခံမှု အများအပြားရရှိရန် လိုအပ်နေသည်ဟု ဆိုသည်။ယင်းက “အထူးသဖြင့် မူဝါဒ ချမှတ်တဲ့ အပိုင်းပါ။ NLD အစိုးရရဲ့ အားနည်းချက်က ကွဲပြားတဲ့ ပြဿနာတွေအတွက် ပြည့်စုံတဲ့မူဝါဒ မရှိဘူးလို့ ထင်ပါတယ်”ဟု ပြောကြားသည်။

အသက် ၄၉ နှစ်ရှိ လမ်းဘေးဈေးသည် ဒေါ်ခင်ခင်မော်က အစိုးရသစ်လက်ထက်တွင် လွတ်လပ်မှု ပိုရှိလာသည်ဟု ခံစားရပြီး အာဏာပိုင်များနှင့်ဆက်ဆံရာတွင် စိုးရိမ်ကြောက်လန့်ရမှု မရှိတော့ဟု ဆိုသည်။ ယခုအခါ ဝန်ထမ်းများကို လာဘ်ပေးရန်မလိုတော့ဟု ဒေါ်ခင်ခင်မော်က ဆိုပြီး နောက်ထပ်ပြောင်းလဲမှုများအတွက် အချိန်ယူရမည်ကို နားလည်သည်ဟု ပြောကြားသည်။

ယင်းက ဒေါ်အောင်ဆန်းစုကြည် နှင့် NLD အစိုးရသည် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးကာ ဝင်ငွေတိုးတက်စေမည်ဟု ယုံကြည်ကြောင်း ပြောကြားသည်။ ထို့အပြင် သူ၏နေ့စဉ်ဝင်ငွေမှာ ၁၀၀၀၀ ကျပ်မှ ၁၅၀၀၀ ကျပ်အထိသာ ရှိသော်လည်း ရွေးကောက်ပွဲပြီးကတည်းက လုပ်ငန်းပိုမိုကောင်းမွန်လာသည်ဟု ဆိုသည်။

KHTun

Ref - Today
The Ladies News

COMMENTS

Name

art,1,article,1293,cartoon variety,22,crime,63,culture,1,documentary,7,Entertainment,5,health,30,history,2,international,6918,interview,212,knowledge,7,Live,8,LocalNews,15003,news,2842,opinion,757,photos,202,poem,115,satires,38,song,12,speech,12,sports,132,statement,59,technic,52,translate,33,video,1065,voice,76,
ltr
item
dawnmanhon: NLD ခေါင်းဆောင်များအနေဖြင့် အတွေ့အကြံနည်းပါးမှုကြောင့် အမှားအယွင်းများ ရှိနိုင်ဟု ဆို
NLD ခေါင်းဆောင်များအနေဖြင့် အတွေ့အကြံနည်းပါးမှုကြောင့် အမှားအယွင်းများ ရှိနိုင်ဟု ဆို
https://3.bp.blogspot.com/-O4Gu-nm6Pa8/WC3ODCiL55I/AAAAAAAAaEM/4vfYcCNFARUdsFp3aTM9gUVqNSyKXZ3TwCLcB/s400/q1.jpg
https://3.bp.blogspot.com/-O4Gu-nm6Pa8/WC3ODCiL55I/AAAAAAAAaEM/4vfYcCNFARUdsFp3aTM9gUVqNSyKXZ3TwCLcB/s72-c/q1.jpg
dawnmanhon
http://www.dawnmanhon.com/2016/11/nld_18.html
http://www.dawnmanhon.com/
http://www.dawnmanhon.com/
http://www.dawnmanhon.com/2016/11/nld_18.html
true
4976479704313592870
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share. STEP 2: Click the link you shared to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy