Trump မှ Tim Cook အား Apple ပစ္စည်းများကို အမေရိကန်နိုင်ငံတွင်ထုတ်လုပ်စေလိုကြောင်း တိုက်ရိုက်ပြောကြား



သမ္မတအဖြစ်ရွေးကောက်ခံခဲ့ရတဲ့ Donald Trump က Apple ရဲ့ iPhone နဲ့ ကွန်ပျူတာများထုတ်လုပ်မှုကို တရုတ်နိုင်ငံမှာမဟုတ်ဘဲ ကိုယ့်နိုင်ငံမှာတင်ထုတ်လုပ်ဖို့ ဆောင်ရွက်မယ်လို့ ကတိပေးခဲ့ပါတယ်။ အခုလည်း Apple ရဲ့ CEO Tim Cook ကို လုပ်ငန်းပြောင်းရွှေ့ဖို့အကြောင်းတိုက်ရိုက်ပြောကြားခဲ့တယ်လို့ New York Times ကိုဖော်ပြခဲ့ပါတယ်။

” Trump က Apple တွင် Tim Cook ရဲ့ဖိတ်ကြားခြင်းကိုခံခဲ့ရပြီး Apple ကို တရုတ်နိုင်ငံ၊ ဗီယက်နမ်နိုင်ငံနဲ့ အခြားသောနေရာတွေမှာ သွားရောက်ထုတ်လုပ်မယ့်အစား အမေရိကန်နိုင်ငံမှာပဲ လုပ်ငန်းခွဲပြီးတော့ပဲဖြစ်ဖြစ် လုပ်ငန်းကြီးအဖြစ် ထုတ်လုပ်ဖို့ဆောင်ရွက်နိုင်မယ်ဆိုရင် သူ့အတွက် အကောင်းဆုံးအောင်မြင်မှုဖြစ်ကြောင်း” ပြောကြားခဲ့ပါတယ်။

Cook ကလည်း Trump တိုက်တွန်းသလိုလုပ်ဆောင်မှာဖြစ်ကြောင်းနဲ့ အခွန်အများကြီးလျော့ကျဖို့ လုပ်ဆောင်နေကြောင်း တိုတိုပဲပြောကြားခဲ့ပါတယ်။

Supplier တွေကလည်း Apple ထုတ်လုပ်မှုကို အမေရိကန်ကိုပြောင်းရွှ့မယ်ဆိုရင် လုပ်ငန်းကျွမ်းကျင်သူတွေ လိုသလောက်မရနိုင်တဲ့အပြင် အလုပ်လည်းမပေးနိုင်လောက်တဲ့အတွက် ထုတ်လုပ်ဖို့မလွယ်ကြောင်း ပြောကြားခဲ့ပါတယ်။

အမေရိကန်လျှပ်စစ်ကုမ္ပဏီတွေက ပြည်ပမှာထုတ်လုပ်တာများတဲ့အတွက် သူတို့ပစ္စည်းထုတ်တဲ့နေရာနဲ့ပတ်သတ်ပြီး အပြည့်အဝမထိန်းချုပ်နိုင်ကြပါဘူး။ တချို့ထုတ်လုပ်မှုတွေကို တရုတ်ပြည်မှာလုပ်ဆောင်တာက လုပ်သားပေါများတဲ့အတွက်ဖြစ်ပြီး အမေရိကန်ကိုပြန်လည်ပြောင်းရွှေ့ရင်တော့ လုပ်သားပြဿနာလုံးဝအခက်အခဲဖြစ်နိုင်ကြောင်း စီးပွားရေးပညာရှင်တွေက သုံးသပ်ခဲ့ပါတယ်။

မကြာသေးခင်က စစ်တမ်းတွေအရ US မှာပြုလုပ်တဲ့ဖုန်းတွေဟာ $30-40 လောက်ပဲပိုများမှာဖြစ်တဲ့အတွက် ဈေးနှုန်းကပြဿနာကြီး မဟုတ်တော့ပါဘူး။

တရုတ်အစိုးရကလည်း သမ္မတကတရုတ်သွင်းကုန်တွေကို အခွန် ၄၅%ကောက်ခံမယ်ဆိုရင် iPhone များသာနစ်နာမှာဖြစ်ကြောင်း ဖော်ပြခဲ့ပါသေးတယ်။

http://www.myanmarmobileapp.com/2016/11/24/trump-%e1%80%99%e1%80%bd-tim-cook-%e1%80%a1%e1%80%ac%e1%80%b8-apple-%e1%80%95%e1%80%85%e1%81%a5%e1%80%8a%e1%80%b9%e1%80%b8%e1%80%99%e1%80%ba%e1%80%ac%e1%80%b8%e1%80%80%e1%80%ad%e1%80%af-%e1%80%a1/
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.