Apple ရဲ့ တရုတ်စီးပွားဖက်များက အမေရိကန်နိုင်ငံသို့လုပ်ငန်းပြောင်းရွှေ့ရန်စိတ်မဝင်စားကြ

ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်က Apple ရဲ့ လုပ်ငန်းတွေကို အမေရိကန်နိုင်ငံတွင်းသို့ ပြောင်းရွှေ့စေဖို့ ကြိုးစားနေပေမယ့် Apple ရဲ့ အဓိက supplier တွေက ဒီအကြံကို သိပ်မကြိုက်ကြပါဘူး။
Apple က အမေရိကန်နိုင်ငံမှာ ဆိုင်တွေဖွင့်ဖို့လုပ်ဆောင်တာနဲ့ပတ်သတ်ပြီး လုပ်ငန်းအစီအစဉ်တွေနဲ့ စီးပွားရေးအရဖြစ်လာမယ့်နောက်ဆက်တွဲအကျိုးဆက်တွေကို ယူနိုင်မယ့် အဓိကစီးပွားဖက်ကတော့ Foxconn ပါပဲ။

iPhone အတွက် ဖန်ထည်တွေကို ဖန်တီးပေးနေတဲ့ Lens Technologies လိုမျိုး supplier တွေကတော့ အမေရိကန်မှာဆိုင်တွေဖွင့်ဖို့ Foxconn က လုပ်ရင်တောင် လိုက်လုပ်မှာ မဟုတ်ပါဘူး။ Lens နည်းပညာကုမ္ပဏီအတွက်ကတော့ အလုပ်သမားတွေကို လစာအများကြီးပေးရပြီး ကုန်ပစ္စည်းရောင်းအားတက်ဖို့ အမျိုးမျိုးကွဲနေတဲ့ လုပ်ငန်းစဉ်တွေကြားမှာ လုပ်ဆောင်နေရတဲ့ အမေရိကန်အလုပ်သမားတွေကလည်း စိတ်ပါတော့မှာမဟုတ်ကြောင်း Lens ကထောက်ပြခဲ့ပါတယ်။

တခြား supplier တွေကလည်း တရုတ်နိုင်ငံမှာရိုးရိုးရှင်းရှင်းလုပ်ဆောင်နေတဲ့ ကုန်ပစ္စည်းထုတ်လုပ်မှုလုပ်ငန်းစဉ်အဆင့်ဆင့်ဟာ အမေရိကန်နိုင်ငံကိုရောက်သွားရင် ရှုပ်ထွေးကုန်မယ်လို့ ဆိုကြပါတယ်။ ကုမ္ပဏီအများစုကတော့ ဒီတိုင်းလေးပဲဆက်သွားဖို့ ရွေးချယ်ထားတဲ့အခြေအနေမှာ ရှိနေပါတယ်။
Donald Trump ရွေးကောက်ပွဲနိုင်တော့ Apple က ၄င်းရဲ့စီးပွားဖက်တွေဖြစ်တဲ့ Foxconn နဲ့ Pegatron တို့ကို iPhone ထုတ်လုပ်တဲ့လုပ်ငန်းစဉ်တချို့ကို အမေရိကန်နိုင်ငံသို့ ပြောင်းရွှေ့လုပ်ဆောင်ဖို့ မေးမြန်းခဲ့ပါသေးတယ်။ Nikkei ဖော်ပြထားတဲ့သတင်းအရဆိုရင်တော့ Foxconn က ပြောင်းရွှေ့မယ့်အကြံဥာဏ်ကို လက်ခံခဲ့ပြီး Pegatron အနေနဲ့ စိတ်ကျေနပ်မှုမရှိတာကြောင့် လက်မခံခဲ့ကြောင်း သိရပါတယ်။
Apple ရဲ့ ထုတ်လုပ်မှုကို အမေရိကန်နိုင်ငံသို့ပြောင်းရွှေ့စေချင်တဲ့ ထရမ့်ရဲ့လှုံ့ဆော်မှုဟာ ရည်ရွယ်ချက်ကောင်းပေမယ့်လည်း Apple ရဲ့ ထုတ်လုပ်မှုလုပ်ငန်းစဉ်ကြီးတစ်ခုလုံးကို ရှုပ်ထွေးသွားစေမယ်ဆိုတာကိုတော့ လျစ်လျူရှုခဲ့သလိုပါပဲ။ တရုတ်နိုင်ငံကအထူးစက်ရုံတွေကို အမေရိကန်နိုင်ငံမှာ နေရာပြန်ချဖို့နဲ့ ကျွမ်းကျင်လုပ်သားပေါင်း ထောင်ချီကျော်ကို အလုပ်ခန့်ပြီး ဒီလုပ်ငန်းကို လည်ပတ်ဖို့ဆိုတာ လက်တွေ့မှာမဖြစ်နိုင်တဲ့အပြင် စဉ်းစားကြည့်ရင်တောင် ရယ်စရာကောင်းပါတယ်။
တစ်ခုမှတ်သားရမှာက Apple ဟာ ၄င်းရဲ့ ပစ္စည်းတစ်ခုဖြစ်တဲ့ Mac Pro ကို အမေရိကန်နိုင်ငံမှာထုတ်လုပ်ခဲ့တဲ့အတွက် ဘယ်လိုပြဿနာမျိုးတွေရင်ဆိုင်ရလဲဆိုတာ အတွေ့အကြုံရှိခဲ့ပြီးသားပါ။ ဒီအချက်နဲ့ပတ်သက်ပြီးတော့လည်း Bloomberg က ဒီလိုဖြော်ပခဲ့ပါတယ်။

“ Mac Pro ရဲ့ တောက်ပြောင်တဲ့ အပြင်ပိုင်းအပြင်အဆင်နဲ့ ဘေးစွန်းတွေဟာ Apple ကကိုယ်တိုင်ထုတ်လုပ်ရတာဖြစ်ပြီး တပ်ဆင်မှုလုပ်ငန်းတွေမှာရှိတဲ့စက်တွေကိုလည်း လူတွေသုံးတတ်အောင် သင်ကြားလေ့ကျင့်ပေးခဲ့ရပါသေးတယ်။ ဒါကြောင့် ထုတ်လုပ်မှုနောက်ကျပြီး ကွန်ပျူတာတွေကို မှန်းထားသလောက် မထုတ်နိုင်ခဲ့ပါဘူး။

နောက်၃နှစ်ကြာတော့ Mac Pro ဟာ chips တွေနဲ့ ချိတ်ဆက်တဲ့ connector ပေါက်တွေနဲ့အတူ အသစ်ပြန်လည်ပေါ်ထွက်လာပြန်ပါတယ်။ အရင်ကြုံခဲ့တဲ့ပြဿနာတွေကြောင့် Apple ရဲ့ အင်ဂျင်နီယာတွေဟာ ထုတ်လုပ်မှုလုပ်ငန်းတွေကို အာရှမှာပဲပြန်လည်ပြောင်းရွှေ့လုပ်ဆောင်သင့်ကြောင်း လက်ခံလာကြပါတယ်။ အာရှမှာဆိုရင်တော့ ဈေးသက်သာပြီး ထုတ်လုပ်သူတွေမှာလည်း လိုအပ်တဲ့ကျွမ်းကျင်မှုတွေရှိပြီးသာဖြစ်ကြောင်း ကုမ္ပဏီတွင်းဆွေးနွေးမှုတွေနဲ့ ရင်းနှီးမှုရှိတဲ့သူတစ်ယောက်က ဆိုခဲ့ပါတယ်။

iPhone တင်မကဘဲ နှစ်တစ်နှစ်စီတိုင်းမှာ သန်းပေါင်းရာချီတဲ့ ပစ္စည်းတွေကိုတင်ပို့နေရတဲ့အတွက် Apple ရဲ့တစ်ရက်ချင်းစီဟာ လျှပ်စစ်ပစ္စည်းပေါင်းမြောက်များစွာကို ထုတ်လုပ်ပြီး ကောင်းကောင်းလည်ပတ်နိုင်တဲ့ တရုတ်နိုင်ငံက ထုတ်လုပ်မှုလုပ်ငန်းပေါ်မှာသာ ရပ်တည်နေရတာဖြစ်ပါတယ်။
တိုတိုပြောရရင်တော့ Apple ရဲ့ အခုလက်ရှိကောင်းကောင်းအဆင်ပြေနေတဲ့ ကုန်ပစ္စည်းထုတ်လုပ်မှုလုပ်ငန်းစဉ်ကြီးတစ်ခုလုံးဟာ တရုတ်နိုင်ငံကလွဲရင် ကျန်တဲ့ဘယ်မှာမှအဆင်ပြေနိုင်မှာမဟုတ်ပါဘူး။ လွန်ခဲ့တဲ့နှစ်အနည်းငယ်က The New York Times ကလည်း ဒါနဲ့ပတ်သတ်ပြီး ပြောပြခဲ့ပါတယ်။

“ ပြီးခဲ့တဲ့ ကုမ္ပဏီထဲမှ အရေးပါသူတစ်ယောက်ကလည်း iPhone အသစ်တွေ ထွက်ဖို့ရက်သတ္တပတ်အနည်းငယ်ပဲလိုတော့တဲ့အချိန်မှာ တရုတ်ကုမ္ပဏီကိုပဲ အားထားခဲ့ရပါတယ်။ Apple ဟာ iPhone ရဲ့ screen ကို နောက်ဆုံးမိနစ်အနည်းငယ်အတွင်းမှာပဲ ဒီဇိုင်းပြန်လည်ဆွဲနိုင်ခဲ့ပြီးတော့ တပ်ဆင်မှုအပိုင်းကိုလည်း အချိန်မီပြင်ဆင်နိုင်ခဲ့ပါတယ်။ screen အသစ်တွေကတော့ ညလယ်မတိုင်ခင်လောက်ကပဲ စက်ရုံကိုရောက်လာတာဖြစ်ပါတယ်။

ကုမ္ပဏီအမှုဆောင်အဖွဲ့ရဲ့ ညွှန်ကြားချက်အရ ကုမ္ပဏီအိမ်ဆောင်တွင်းက အလုပ်သမားပေါင်း ၈၀၀၀ ခန့်ကို လှုံ့ဆော်ပေးခဲ့ပါတယ်။ ဝန်ထမ်းတစ်ယောက်ကို ဘီစကစ်နဲ့ လက်ဖက်ရည်တစ်ခွက်စီတိုက်ပြီး တစ်နာရီခွဲအတွင်းအလုပ်ပြန်ဝင်ပြီး မှန် screen တွေကို အနားစောင်း frame အဖြစ်ပြောင်းတာကို ၁၂ နာရီကြာကြာလုပ်ဆောင်ခဲ့ပါတယ်။ ၉၆ နာရီအတွင်းမှာ စက်ရုံက တစ်ရက်ကို iPhone ပေါင်း ၁၀၀၀၀ ကျော်ထုတ်လုပ်နိုင်ခဲ့ပါတယ်။

Trump ကတော့ Apple လိုမျိုးနည်းပညာကုမ္ပဏီတွေကို ဘယ်လိုဖြစ်ချင်တယ်ဆိုတာနဲ့ ပတ်သတ်ပြီး ဆက်လက်အလေးပေးပြောသွားမှာဖြစ်ပေမယ့် Apple ရဲ့ပြည်ပမှာထုတ်လုပ်မှုတွေကို မရပ်တန့်နိုင်တဲ့တစ်နေ့မှာတော့ ထရမ့်အနေနဲ့ ဆက်ပြောလို့ရနိုင်တော့မှာမဟုတ်ပါဘူး။
http://www.myanmarmobileapp.com/2016/12/31/apple-%E1%80%9B%E1%80%B2%E1%82%95-%E1%80%90%E1%80%9B%E1%80%AF%E1%80%90%E1%80%B9%E1%80%85%E1%80%AE%E1%80%B8%E1%80%95%E1%80%BC%E1%80%AC%E1%80%B8%E1%80%96%E1%80%80%E1%80%B9%E1%80%99%E1%80%BA%E1%80%AC/
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.