ရှမ်းမြောက်တိုက်ပွဲကြောင့် စစ်ပြေးတွေ ရာနဲ့ချီ ရှိနေ



ရှမ်းမြောက်စစ်ပွဲတွေကြောင့် လူတွေ ရာချီ ထွက်ပြေးနေရ
ကေအိုင်အေနဲ့ အစိုးရတပ်တွေ လားရှိုးမူဆယ် လမ်းမကြီးနားမှာ တိုက်ပွဲဖြစ်ခဲ့တယ်လို့ အစိုးရ တပ်မတော်ဘက်က ထုတ်ပြန်ခဲ့ပါတယ်။ စစ်ပြေးတွေ ပိုများလာပြီး ကျောက်မဲမှာ တရာကျော်နဲ့ နမ္မတူမှာ လေးရာ ကျော်ထိ ရှိနေပြီလို့ သိရပါတယ်။

တချိန်ထဲမှာပဲ ရှမ်းပြည် မြောက်ပိုင်း နမ္မတူ လားရှိုး လမ်းပေါ်မှာ TNLA တအောင်းန် နဲ့ ပူးပေါင်း တပ်တွေက ကားတွေဆီက ဆက်ကြေး ၅ သိန်းစီ ကောက်နေတယ်လို့ အစိုးရ သတင်းစာတွေက ရေးသား ပါတယ်။

ဒီစွပ်စွဲချက်တွေဟာ ကောလာဟလတွေသာ ဖြစ်တယ်လို့ TNLA တအောင်းန် အမျိုးသား လွတ်မြောက်ရေး တပ်မတော် အဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးကြီး တာဖုန်းကျော် က ပြောပါတယ်။ သူတို့အနေနဲ့ လားရှိုး လမ်းမကြီးကို ထိန်းချုပ်နိုင်ခြင်း မရှိတဲ့ အတွက် ဆက်ကြေး မကောက်နိုင်ဘူးလို့လည်း ဆိုပါတယ်။

လူထုတွေ မထိခိုက်ရအောင် TNLA က သတိပြု ရှောင်ရှားပြီး ပြောက်ကြား ပုံစံ စစ်ဆင်နေလို့ ဒီသီတင်းပတ်တွေ အတွင်း တိုက်ပွဲတွေကြောင့် လူထုတွေ ပိတ်မိတာ မရှိဘူးလို့လည်း သူက ဆိုပါတယ်။

ဒါပေမဲ အစိုးရတပ်တွေက တောထဲက သူတို့ စခန်းတွေကို လက်နက်ကြီးတွေနဲ့ ချိန်ရွယ် ပစ်ခတ်နေလို့ သူတို့ကို ကျော်ပြီး ရွာတွေကို ထိမှန်တာတွေ ရှိတယ်လို့လည်း ဗိုလ်မှူးကြီး တာဖုန်းကျော် က ပြောပါတယ်။

နောက်ပြီး သူတို့ကို အဓမ္မ စစ်သားစုဆောင်းမှုတွေ ရှိနေတယ် ဆိုတာကို ငြင်းဆိုပြီး TNLA အနေနဲ့ ဒီလို စုဆောင်းတဲ့ မူမရှိဘူး၊ စစ်ပွဲဖြစ်နေချိန်မှာလည်း စုဖို့ အချိန်မရှိဘူးလို့ ပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.