နာဂျစ် စိတ်ဖောက်ပြန်သွား ပြီ လော


ပြသ၁နာ သောင်းခြောက်ထောင် ၀ိုင်းရံခနေသော မလေးရှား ၀န်ကြီးချုပ် နာဂျစ် ရာဇာတ်သည် ယခုကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်အား အမည်တပ်၍ ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှု ပြုလုပ်ခဲ့ခြင်းသည် စိတ်ဖေါက်ပြန်သွားမှုသာ ဖြစ်နိုင်သည်ဟု ထိုင်း နိုင်ငံ တွင် အင်္ဂလိပ်ဘာသာ ဖြင့် ထုတ်ဝေသော The Nation သတင်းစာ အယ်ဒီတာ အာဘော်ကနေ ရေးသားခဲ့ပါတယ်။

စိုးရိမ် မကင်း ဖြစ်၍ ပြောသည်ကို လက်ခံ၍ ရသော်လည်း ဒီနေရာမှာတော့ နာဂျစ်က မိမိ၏ အကျိုးစီးပွားအတွက် ယခုကဲ့သို့ လုပ်ဖေါ်ကိုင်ဖက်တဦးအား အမည်ထုတ်ဖေါ်၍ အရှက်ရအောင် တမင် ရည်ရွယ် ပြုလုပ်လိုက်ခြင်း ဖြစ်ပါတယ်။ ထိုမျှတင်သာမက ၁၉၆၇ အာဆီယံ အသင်း စတင် ထူထောင်ချိန်ကတည်းက ကျယ်ကျယ်ပြန့်ပြန့် လက်ခံ ကျင့်သုံးခဲ့သည့် ၀င်ရောက် မစွက်ဖက်ရေး မူဝါဒကိုပါ ပမာမခန့် လှောင်ပြောင်လိုက်သလို ဖြစ်စေခဲ့ပါတယ်။

သေချာသည်ကတော့ မလေးရှား နိုင်ငံရေးသည် မည်သည့်နည်းနှင့်မျှ မကြာမီအတောအတွင်း အကောင်းဖက်သို့ ရောက်လာနိုင်စရာ အကြောင်းမရှိ။ ပြီးခဲ့သည့် နှစ် အနည်းငယ်အတွင်း နိုင်ငံ၏ ဂုဏ်သိက္ခာသာမက ၎င်း၏ ခေါင်းဆောင်မှုကိုပါ ပျက်ယွင်းခဲ့ရသည့် 1MDB အကျင်ပျက် လာဒ်စားမှု အရှုပ်တော်ပုံကြောင့် နာဂျစ်တယောက် အပြင်းအထန် ဖိအားပေး ခံနေခဲ့ရပါတယ်။ သို့သော် နတ်သိကြားများက စောင်မလိုက်သည့်အလား နာဂျစ်တယောက် ထိုအရှုပ်တော်ပုံကြီးမှ အရာမယွင်းခဲ့ပဲ ၀န်ကြီးချုပ် ရာထူးကို ဆက်လက် ထိမ်းသိမ်းထားနိုင်ခဲ့ယုံမက သူ ပါတီကိုပါ တင်းတင်းကျပ်ကျပ် ဆုတ်ကိုင်နိုင်ခဲ့ပါတယ်။ သို့သော် ထို ဖြစ်စဉ်တွင် တန်ဘိုးကြီးစွာ ပေးဆပ်ရမှုများက မလွဲမသွေ ရောက်လာတော့မှာ ဖြစ်ပါတယ်။

မြန်မာကို ရန်လုပ်ပြီး ထွက်ပေါက်ရှာဖို့ ရွေးချယ်လိုက်ခြင်းသည် အချိန်အခါ နှင့် လျော်ညီခြင်း မရှိလှပါဘူး၊ ယခု လောလောဆယ်တွင် မလေးရှား၌ "ရိုဟင်ဂျာ" နှစ်သိန်းခန့် နေထိုင်လျက် ရှိနေပါတယ်။ နာဂျစ် အခုလို ပြုလုပ်လုပ်ခြင်းကြောင့် တင်းမာမှုတွေ ပြေလျော့အောင် မြန်မာ အစိုးရရဲ့ ကြိုးပမ်းမှုတွေကို ထပ်မံ ရှုပ်ထွေးသွားစေခဲ့ပါတယ်။ နာဂျစ်က အင်ဒိုနီရှားကိုလည်း သူ့လို လိုက်လုပ်ဖို့ ပြောမယ်လို့ဆိုသော်လည်း အင်ဒိုနီးရှား သမ္မတ ဂျိုကိုဝီ အဖို့ သူ့ လို လိုက်လုပ်ဖို့ ဆိုတာက မိုက်ရူးရဲ ဆန်ရာ ကျသွားနိုင်ပါတယ်။

ကမ္ဘာပေါ်တွင် လူဦးရေ အထူထပ်ဆုံး နိုင်ငံလည်း ဖြစ်တဲ့ ဂျကာတာ က အဓိပ္ပါယ် အပြည်အ၀ ဖေါ်ဆောင်နိုင်တဲ့ လမ်းကြောင်းကို ရွေးချယ်ခဲ့ပြီး အင်္ဂါနေ့က နိုင်ငံခြားရေးဝန်ကြီး ရက်နို မာဆူဒီက ဒေါ်အောင်ဆန်းစုကြည်နဲ့ သွားရောက် တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ အင်ဒိုနီးရှားမှ မြန်မာ ပြည်တွင်းရေးမှာ ၀င်ရောက် စွက်ဖက်မှာ မဟုတ်ဖူးလို့ ကတိပေးခဲ့ရတဲ့အထိ ဆွေးနွေးပွဲက အဆင်ပြေ ချောမွေ့ခဲ့ပါတယ်။

"ရိုဟင်ဂျာ" အရေးသည် အလေးအနက်ထားရမယ့် ကိစ္စဆိုတာ သံသယ ဖြစ်ဖွယ်မရှိပါဘူး၊ ဒီအတွက် မြန်မာအနေနဲ့ မိမိတို့ ပြသာနာကို မှန်မှန်ကန်ကန် ဖြေရှင်းနိုင်အောင် အခွင့်အရေး ပေးသင့်တယ်ဆိုတာ မလေးရှားက ကောင်းစွာ သိနားလည် ထားသင့်လှပါတယ်။

ယခင် ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်တဲ့ နိုင်ငံတကာ ကော်မရှင်ကလည်း ပဋိပက္ခ ဖြစ်ပွားရာ အရပ်ကို ရောက်ခဲ့ပြီး လုပ်သင့်တဲ့ အရာတွေကို တင်ပြ ပြောဆိုခဲ့ပြီးလည်း ဖြစ်ပါတယ်။

မြန်မာသည် ယခုအခါ ၎င်းရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းလာမှုကြောင့် တကမ္ဘာလုံးက အာရုံစိုက်စရာ ဖြစ်လာခဲ့ရတဲ့ အတွက် နိုင်ငံတကာ အဖွဲ့အစည်းများ နဲ့ လူ့အခွင့်အရေး လှုပ်ရှားသူများက အချို့သော တားမြစ်နေရာများ နဲ့ ကန့်သတ်ချက်များ ရှိနေသော်ငြားလည်း ၎င်းတို့အဖို့ လေ့လာ သတင်းထုတ် ပြန်လို့ ရလာစေပါတယ်။ ဒီအတွက် လူ့အခွင့်အရေး ဘက်မှာ မြန်မာ အပေါ် ဖိအား ပေးမှုတွေ ပိုရှိလာနိုင်ပါတယ်။

ယခု လောလောဆယ်မှာ Track Two Dialogue လို့ အမည်ပေး ထားတဲ့ မလေးရှား၊ အင်ဒိုနီရှား၊ ဘင်္ဂလားဒေ့ရှ် နဲ့ မြန်မာတို့ ရှိ အကြံညဏ် နဲ့ အိုင်ဒီယာတွေ ပေးနိုင်စွမ်း ရှိတဲ့ ကျွမ်းကျင်သူ ပညာရှင်များ အဖွဲ့တွေ ပြသာ နာ အရင်းအမြစ်ကို လေ့လာ ဆန်းစစ်နိုင်အောင် ဆွေးနွေးနေကြပြီး ပြီးခဲ့တဲ့ Track One ကလည်း ရှေ့ဆက်ဖို့ သိတ်မကြာလှတော့ပါဘူး။

ဒေသတွင်း အထိခိုက်မခံနိုင်တဲ့ ကိစ္စတွေ အပေါ် အာဆီယံက အမြဲလို သတိရှိရှိ နဲ့ တုန့်ပြန်ခဲ့ပါတယ်။ ဒေသတခုလုံး အပေါ် ဖြစ်ပေါ်လာနိုင်တဲ့ ဂယက်ရိုက်ခတ်မှုကို ကောင်းစွာ ဆင်ခြင် သုံးသပ်ပြီးမှ ပြုလုပ်ခဲ့ကြသည်ချည်း ဖြစ်ပါတယ်။ စုပေါင်း ဆောင်ရွက်မှုကို အလေးထားတဲ့ အဖွဲ့အစည်း ဖြစ်တဲ့ အတွက် အဖွဲ့ဝင်တွေအားလုံး တစိတ်ထည်း တ၀မ်းတည်း ရှိမှသာ ပြသာနာကို ကိုင်တွယ်ခဲ့ကြတာ ဖြစ်ပါတယ်။

ဆိုင်ကလုံး နာဂစ် ဖြစ်ပေါ်ခဲ့စဉ်အတွင်း အာဆီယံမှ လူသားချင်းစာနာထောက်ထားသော အကုအညီများ နဲ့ ဆေးဝါး များကို ပေးပို့ခွင့်ပြုရန် မြန်မာ ကို နားချနိုင်ခဲ့တဲ့ အတွက် နောက်ဆုံးမှာ သုံးပါတီ ကော်မီတီ တရပ် ဖွဲ့စည်းနိုင်ခဲ့ပြီး ၂၀၀၈-၁၁ အတွင်း ကယ်ဆယ်ရေး လုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

အာဆီယံ အနေနဲ့ ၀င်ရောက်မစွက်ဖက်ရေး မူဝါဒကို လေးစားသင့်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် အစိုးရ ကို ဦးဆောင်နေစဉ်မှာ "ရိုဟင်ဂျာ" ပြသာနာကို ဖြေရှင်းနိုင်လိမ့်မယ်လို့ မျှော်လင့်ခြင်းဟာ ကျိုးကြောင်းဆီလျော်မှု တရပ်သာ ဖြစ်ပါတယ်။ သို့သော် ဤ အရေးတွင် ပြင်ပ အင်အားစုများက အတင်းအကျပ် နဲ့ အဖြေတခု ထွက်လာအောင်တော့ မပြုလုပ်သင့်ပေ၊

(ထိုင်းနိုင်ငံ တွင် ဒီဇင်ဘာ ၁၀ ရက်နေ့ ထုတ် The Nation သတင်းစာပါ "Asean principle of non-interference remains sacrosanct" အယ်ဒီတာ အာဘော်ကို ပြန်ဆိုခြင်း ဖြစ်သည်)

လှစိုးဝေ

The Ladies News

COMMENTS

Name

art,1,article,1303,cartoon variety,22,crime,66,culture,1,documentary,7,Entertainment,8,health,32,history,2,international,7359,interview,220,knowledge,8,Live,8,LocalNews,15726,news,2842,opinion,765,photos,203,poem,116,satires,39,song,12,speech,12,sports,141,statement,59,technic,56,translate,34,video,1068,voice,76,
ltr
item
dawnmanhon: နာဂျစ် စိတ်ဖောက်ပြန်သွား ပြီ လော
နာဂျစ် စိတ်ဖောက်ပြန်သွား ပြီ လော
https://2.bp.blogspot.com/-ja-cYVaA8xU/WEwuQQm6VbI/AAAAAAAAaU0/qTfn9XbNrho6oFH7w5pO-emOoLO5-V8AgCLcB/s320/q1.jpg
https://2.bp.blogspot.com/-ja-cYVaA8xU/WEwuQQm6VbI/AAAAAAAAaU0/qTfn9XbNrho6oFH7w5pO-emOoLO5-V8AgCLcB/s72-c/q1.jpg
dawnmanhon
http://www.dawnmanhon.com/2016/12/blog-post_125.html
http://www.dawnmanhon.com/
http://www.dawnmanhon.com/
http://www.dawnmanhon.com/2016/12/blog-post_125.html
true
4976479704313592870
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share. STEP 2: Click the link you shared to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy