လူထုအားပစ်မှတ်ထားသည့် သျှမ်းပြည်မြောက်ပိုင်း လက်နက်ကိုင်ပဋိပက္ခ သျှမ်းလူငယ်များရှုံ့ချကန့်ကွက်


ဒီဇင်ဘာ ၂၄ ရက် ၂၀၁၆

သျှမ်းပြည်မြောက်ပိုင်းတွင် ဖြစ်ပွားသည့် လက်နက်ကိုင်ပဋိပက္ခများတွင် လူထုအား ပစ်မှတ်ထား တိုက်ခိုက်မှု တိုက်ပွဲဖြစ်ပွားနေမှုများအား သျှမ်း လူငယ်ကွန်ယက်မှ အပြင်းအထန် ရှုပ်ချသည့်အကြောင်း ယနေ့ ကြေငြာချက် တစောင်ထုတ်ပြန်သည်။

“သျှမ်းမြောက်ကိစ္စက အဓိက ကျနော်တို့ နန်းမွှေးအောင် ဆိုတဲ့ ကောင်မလေး တစ်ယောက် သေနတ် ထိပြီးတော့ သေသွားတယ်၊ ပြည်သူလူထု က မြေစာ ပင်လိုဖြစ်နေပြီ။ အဲ့ဒါတွေကြောင့် သျှမ်းပြည်မြောက် ပိုင်းမှာ ဖြစ်တဲ့တိုက်ပွဲ ကိစ္စကို ကျနော်တို့ အဓိက ထား မီးမောင်းထိုးပြတာပါ။” - ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ သျှမ်းလူငယ်ကွန်ရက် ပြောရေးဆိုခွင့် ရှိသူ စိုင်းနော်ဆိုင် ကပြောသည်။


၂၀၁၆ ဒီဇင်ဘာ ၂၄ ရက်စွဲဖြင့် သျှမ်းလူငယ်ကွန်ရက်မှ နမ္မတူမြို့နယ်၊ ပန်လုံေ ကျးရွာအတွင်း RCSS/SSA နှင့် TNLA နှစ်ဘက်တပ်များ ပစ်ခတ် တိုက်ခိုက် မှုကြောင့် ၂၀၁၆ ဒီဇင်ဘာ၂၀ ရက်နေ့ တွင် နန်းမွှေးအောင် အသက် ၁၇ နှစ် သည် ဦးခေါင်း နှင့် လည်ပင်းတွင် ပစ်သတ်ခံရကာ သေဆုံးရခြင်းသည် သျှမ်းလူငယ် လူထု အတွင်း များစွာတုန်လှုပ်ခြောက်ခြားစေခဲ့ပြီး ထိုသို့ပစ် သတ်သည့် လက်နက်ကိုင်တပ်ဖွဲ့၏ လုပ်ရပ်ကိုလုံးဝဆန့် ကျင်ြေ ကာင်း နှင့် ပြင်းထန်စွာရှုံ့ချကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ သျှမ်းလူငယ်ကွန်ရက် မှ သဘောထား ထုတ်ပြန်လိုက်သည်။

“တိုက်ပွဲကြောင့် လူထု ထိခိုက်သေဆုံးတယ်။ အိုးအိမ်စွန့်ပြီးတော့ စစ်ဘေးရှောင် စခန်းတွေမှာ နေနေရတယ်။ ကျွဲ ၊ နွားတွေ သေကြေတယ်။ အိမ်တွေ ကျောင်းကန်တွေ သာသနိကအဆောက်အဦးတွေ ပျက်စီးတယ်။ အခု နန်းမွှေးအောင်သေ ဆုံးတာ ဘယ်အဖွဲ့ရဲ့လက်ချက်ဆိုတာ ကျနော်တို့အတိအကျ အချက် အလက်ေ တွရထားတယ်။ ဒါပေမယ့် တဦးအပေါ် တဦး အပစ်ပုံချနေတာထက်။ တိုက်ပွဲတွေရပ်တန်းက ရပ်ပြီး အမြန်ဆုံးတွေ့ဆုံဆွေးနွေးကြပါ ။ ” ဟု စိုင်းနော်ဆိုင်ကပြောသည်။

နယ်မြေအငြင်းပွားမှုကြောင့် သျှမ်းပြည်မြောက်ပိုင်းအတွင်းမှာ သျှမ်းပြည်ပြန် လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် တအောင်း အမျိုးသားလွှတ်မြောက်ရေးတပ်မတော် TNLA တို့ကြား တိုက်ပွဲ ဖြစ်ပွားနေသည့် အပြင်၊ အစိုးရတပ်မတော် နှင့် တအာင်း ပလောင်တပ်ဖွဲ့ပါဝင်သည့် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တို့လည်း တိုက်ပွဲဖြစ်ပွားနေသည်။ တိုက်ပွဲကြောင့် ဒေသခံ ထောင်ဂဏန်းနေရပ်မှ စွန့်ခွါနေသည်။

သျှမ်းသံတော်ဆင့်/ဆိုင်ဖူး
Panglong(Burmese)
https://www.facebook.com/Panglong.burmese/
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.