ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ စစ်ဘေးဒုက္ခသည်တွေနဲ့ တွေ့ဆုံ

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ဒီဇင်ဘာလ ၁၁ ရက်နေ့က လားရှိုးမြို့မန်ဆူကျောင်းက ဒုက္ခသည်တွေကို တွေ့ဆုံနေစဉ် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ဒီဇင်ဘာလ ၁၁ ရက်နေ့က လားရှိုးမြို့မန်ဆူကျောင်းက ဒုက္ခသည်တွေကို တွေ့ဆုံနေစဉ်
Photo: Kan Thar/ RFA

ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကို လက်နက်စွဲကိုင်ပြီး အကောင်အထည်ဖော်လို့မရကြောင်း ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ က ပြောပါတယ်။

ဒီနေ့ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မန်ဆူဘုန်းကြီးကျောင်းမှာ ရောက်ရှိနေတဲ့ နမ္မတူမြို့နယ် နားဆိုင်းကျေးရွာက စစ်ဘေးဒုက္ခသည် ၁၀၀ ၀န်းကျင် နဲ့ တွေ့ဆုံစဉ်မှာ ဒုတိယသမ္မတ က ပြောခဲ့တာဖြစ်ပါတယ်။

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနဲ့ ပြည်ထောင်စုဝန်ကြီးတချို့ဟာ ဒီနေ့ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့မှာလည်း ဒေသခံတွေ စစ်ဘေးဒုက္ခသည်တွေနဲ့ သွားရောက်တွေ့ဆုံခဲ့ပါတယ်။

ဒါ့အပြင် ကြူကုတ်(ပန်ဆိုင်း)နဲ့ မုံးကိုးမြို့ဖက်ကနေ စစ်ဘေးတိမ်းရှောင်လာတဲ့ ဆရာ၊ ဆရာမ တွေနဲ့ မုံးကိုးရဲစခန်းမှာ ကျဆုံးခဲ့တဲ့ ရဲဝန်ထမ်း ၁၆ ဦးရဲ့ မိသားစု ၀င်တွေကိုလည်း မူဆယ်မြို့မှာ သွားရောက် တွေ့ဆုံပြီး ထောက်ပံ့ငွေတွေ ပေးအပ်ခဲ့ပါတယ်။

စစ်ဘေးဒုက္ခသည်စခန်းတွေကိုလည်း စားနပ်ရိက္ခာနဲ့ ထောက်ပံ့ငွေပေးအပ်ခဲ့တယ်လို့ မူဆယ်မြို့မှာ ဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ ဂရုဏာအဖွဲ့က ဦးသောင်းထွန်းက ပြောပါတယ်။

ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူနဲ့အတူ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ၀န်ကြီး ဒေါက်တာ ၀င်းမြတ်အေးနဲ့ ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့် တို့ပါဝင်ပါတယ်။
RFA
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.