လိပ်ပြာကဲ့သို့ ရွှေဝါရောင် ပိုးကောင်များ ပဲခူးတိုင်းဒေသကြီး မြို့နယ်အချို့၌ ပျံ့နှံ့နေ


ဇီးကုန်း ဒီဇင်ဘာ ၂၅

ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း ဇီးကုန်းမြို့ အပါအဝင် မြို့နယ်အချို့တို့တွင် လိပ်ပြာကဲ့သို့ ရွှေဝါရောင် ပိုးကောင်ငယ်များ အခန်းနံရံများ၊ မျက်နှာကြက် များ၌ ပျံ့နှံ့ရောက်ရှိနေကြောင်း သိရသည်။

အဆိုပါ ပိုးကောင်များ စတင် ပေါက်ဖွားလာသော နေရာကို မသိရသော် လည်း ယင်းတို့နှင့် ထိစပ်သောနေရာများ၌ နေထိုင်သူများမှာ ယားယံမှုများ ဆက်တိုက်ခံစားရကြောင်း၊ ယားယံမှု အတွက် ဆေးဆိုင်များ၌ သက်သာ ပျောက်ကင်းစေရန် လိမ်းဆေး၊ စားဆေး များရှိသော်လည်း အဆိုပါ ပိုးကောင်ငယ်များ ထပ်မံရောက်ရှိလာပါက စာသင်ကြားရာတွင် အခက်အခဲ များ ရှိလာနိုင်ကြောင်း ကျောင်းသား မိဘတစ်ဦးက ပြောသည်။

အဆိုပါ လိပ်ပြာနှင့်တူသော ရွှေဝါရောင် ပိုးကောင်ငယ်များမှာ ပိုးဟပ် အရွယ်ခန့်ရှိ၍ ဦးခေါင်းနှင့် ခြေလက်များတွင် အဖြူရောင် အမွေးအမှင်များ ထူထပ်စွာပေါက်နေပြီး ယင်းအမွေးအမှင်များနှင့် ကိုင်တွယ်ထိတွေ့သူ (သို့) အဝတ်အစားများတွင် ကပ်ငြိနေပါကလည်း ယားယံမှုများကို သုံးရက်၊ လေးရက်အထိ ခံစားရကြောင်း၊ ယင်းပိုးကောင်များကို ရှင်းလင်း ဖယ်ရှားရာတွင်လည်း လက်အိတ်နှင့် မျက်နှာဖုံးစွပ်များ အသုံးပြု ဆောင် ရွက်ရန် သတိပြုသင့်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

ကိုသက်(ဇီးကုန်း)၊ ဓာတ်ပုံ-တင်မြင့်
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.