မလေးရှားရှိ မြန်မာနိုင်ငံသားများ အထူးဂရုပြုသွားလာနေထိုင်ကြရန် မြန်မာသံရုံး သတိပေး တိုက်တွန်း


နိုဝင်ဘာ ၂၅ ရက်နေ့က မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူရှိ မြန်မာသံရုံးရှေ့ ဆန္ဒပြနေသူများ။ (ဓာတ်ပုံ - အီးပီအေ)
မလေးရှားနိုင်ငံမှာ ရှိနေကြတဲ့ မြန်မာနိုင်ငံသားများအနေဖြင့် အထူးဂရုပြု သွားလာနေထိုင်ကြရန် ကွာလာလမ်ပူရှိ မြန်မာသံရုံးက သတိပေး တိုက်တွန်းချက်ကို ဒီဇင်ဘာ ၂ ရက်က ထုတ်ပြန်ခဲ့ပါတယ်။

ရခိုင်ပြည်နယ်၊ မောင်တောဒေသမှာ လက်ရှိဖြစ်ပွားနေတဲ့ အခြေအနေများနဲ့ ပတ်သက်ပြီး ယခုရက်များအတွင်း မလေးရှားနိုင်ငံရှိ နိုင်ငံရေးပါတီများ၊ ဘာသာရေးအဖွဲ့အစည်းများနဲ့ NGO များက ဦးဆောင်ပြီး မြန်မာသံရုံးသို့ လာရောက်ဆန္ဒပြမှုများ ပြုလုပ်ခဲ့ပြီး လာမယ့် ရက်များအတွင်းမှာလည်း ဆန္ဒပြမှုများ ဆက်လက် ပြလုပ်သွားရန်ရှိနေတာကြောင့် မြန်မာသံရုံးက အခုလို တိုက်တွန်းလိုက်တာ ဖြစ်ပါတယ်။

အခုလို အခြေအနေတွေကြောင့် မလိုလားအပ်တဲ့ ကိစ္စရပ်များ မဖြစ်ပေါ်စေရေးအတွက် မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားများအနေဖြင့် အထူးဂရုပြု သွားလာနေထိုင်ကြရန် တိုက်တွန်းအပ်ကြောင်း သံရုံးထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Ref; MOI, Myanmar Embassy in Kuala Lumpur, Malaysia
Mizzima - News in Burmese
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.