အသက် ၂ နှစ်အရွယ် အမေရိကန် ကလေးငယ်တစ်ဦး ဖခင်၏ သေနတ်အား ယူကစားမိရာမှ မိမိကိုယ်ကို ပစ်မိပြီး သေဆုံး



သေနတ်အား ကိုင်တွယ်နေသည့် ကလေးငယ် တစ်ဦးအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)
    ဝါရှင်တန်၊ ဒီဇင်ဘာ ၂၆ ရက် (ဆင်ဟွာ)

    အသက် ၂ နှစ်အရွယ် အမေရိကန် ကလေးငယ် တစ်ဦးသည် ၎င်း ဖခင်၏ သေနတ်ဖြင့် မိမိကိုယ်ကို မတော်တဆ ပစ်ခတ်မိပြီး သေဆုံးသွားခဲ့ကြောင်း အမေရိကန် မီဒီယာက ဒီဇင်ဘာလ ၂၅ ရက်၌ ရေးသားထားသည်။

ယင်း ကလေးငယ်အား ဒီဇင်ဘာလ ၂၃ ရက် နံနက်ပိုင်းက Cleveland ရှိ အိုဟိုင်အိုး စီးတီးရှိ နေအိမ်မှ ဆေးရုံသို့  ပို့ဆောင်ခဲ့ကြောင်း၊ ခွဲစိတ်မှု ပြုလုပ်နေစဉ်အတွင်း သေဆုံးခဲ့ကြောင်း သိရသည်။

အိမ်နီးချင်း တစ်ဦးက ဒေသခံ မီဒီယာသို့ ပြောပြချက်အရ သေနတ်သံကြားရပြီးနောက် ကလေးငယ်၏ အစ်ကို အိမ်အပြင်သို့ ပြေးထွက်လာကြောင်းနှင့် ၎င်းက ၉၁၁ သို့ ဖုန်းခေါ်ခဲ့ကြောင်း သိရသည်။

သေနတ် ထိမှန်သည့် ကလေးငယ်မှာ ဦးခေါင်းတွင် သေနတ် ဒဏ်ရာဖြင့် ကြမ်းပြင်ပေါ်တွင် လဲနေကြောင်း ၎င်းက ပြောကြားခဲ့သည်။

သေဆုံးသူ ကလေးငယ်၏ ဖခင်သည် ၁၉၉၃ ခုနှစ်ကတည်းက တာဝန်ထမ်းဆောင်နေသည့် အသက် ၅၄ နှစ်အရွယ် ရဲအရာရှိ တစ်ဦး ဖြစ်ကြောင်း Cleveland ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ စုံစမ်းစစ်ဆေးမှုများအား ပြုလုပ်နေဆဲ ဖြစ်ပြီး ယင်း အမှုနှင့် ပတ်သက်၍ မည်သူ တစ်ဦးတစ်ယောက်ကိုမျှ ဖမ်းဆီးထားခြင်း မရှိပေ။

(Xinhua)
http://www.xinhuamyanmar.com
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.