နိုင်ငံတော်သမ္မတ၊ ဇနီးနှင့် မိသားစုတို့အားတိုင်းရင်းသားလူမျိုးပေါင်းစုံပါဝင်သည့် ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်များ မိသားစုအဖွဲ့က ခရစ်တော်မွေးနေ့အကြို မေတ္တာပို့ ဆုတောင်း ကောင်းချီးပေး



နေပြည်တော် ဒီဇင်ဘာ ၁၉

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးထင်ကျော်၊ ဇနီး ဒေါ်စုစုလွင်နှင့်
မိသားစုတို့အား တိုင်းရင်းသားလူမျိုးပေါင်းစုံပါဝင်သည့် ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်များ
မိသားစုအဖွဲ့က ယနေ့ ညနေ ၆ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော်၌ ခရစ်တော်
မွေးနေ့အကြိုအဖြစ် လာ ရောက် ဆုတောင်းကောင်းချီးပေးကြသည်။

ဆုတောင်းပွဲတွင် တိုင်းရင်းသားလူမျိုးပေါင်းစုံပါဝင်သည့် ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်များ
မိသားစုအဖွဲ့က နိုင်ငံတော်သမ္မတ၊ ဇနီးနှင့် မိသားစုတို့ အား နှုတ်ခွန်းဆက်သပြီး ခရစ္စမတ်လက်ဆောင်
ပန်းခြင်းပေးအပ်ကာ ခရစ်တော်မွေးနေ့ အကြို နှုတ်ခွန်းဆက်ဓမ္မတေးသီချင်းကို သီဆိုကြသည်။

ယင်းနောက် ပဲခူးမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဒေါ်ရွှေပုံက သမ္မာကျမ်းစာ
ဖတ်ကြားပြီး ပလက်ဝမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် ဦးစိန်အောင်က နိုင်ငံတော်သမ္မတ၊
ဇနီးနှင့် မိသားစုတို့အတွက် မေတ္တာပို့ ဆုတောင်း ကောင်းချီးပေးသည်။

ထို့နောက် တိုင်းရင်းသားလူမျိုးပေါင်းစုံပါဝင်သည့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များ
မိသားစုအဖွဲ့က “လောက၀မ်းမြောက်”၊ “ခရစ္စမတ်ရက်မြတ်”နှင့် “နှုတ်ဆက်ပါတယ်”စသည့် ဓမ္မတေး
သီချင်းများသီဆို၍ ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်နှင့် နိုင်ငံတော်သမ္မတတို့အတွက် မေတ္တာပို့
ဆုတောင်း ကောင်းချီးပေးကြ သည်။

ယင်းနောက် နိုင်ငံတော်သမ္မတ က ခရစ္စမတ်လက်ဆောင် ပြန်လည်ပေးအပ်ပြီး ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များမိသားစုအဖွဲ့အား ရင်းရင်းနှီးနှီး နှုတ်ဆက် ကာ စုပေါင်းဓာတ်ပုံရိုက်ကြသည်။

Myanmar President Office
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.