သြစတြီးယားမှာ ရွေးကောက်ပွဲပြန်လုပ်



ညာဘက်က မစ္စတာ ဘဲလန်က လွတ်လပ်တဲ့ ဥရောပကို လိုလားပေမယ့် နိုင်ငံနယ်နမိတ်တော့ ရှိဖို့လိုတယ်လို့ ပြောပေမယ့် ဘယ်ဘက်က မစ္စတာ ဟိုဖာကတော့ နိုင်ငံခြားသား ဝင်ရောက်မှုကို ကန့်သတ်မယ်လို့ အတိအလင်းပြောထား
သြစတြီးယားနိုင်ငံက မဲရေတွက်မှု မူ မမှန်မှုတွေကြောင့် ပြန်လည်ကျင်းပရတဲ့ ရွေးကောက်ပွဲတွေမှာ လူထု နောက်ထပ်မဲပေးမှုတွေ ပြုလုပ်နေပါတယ်။

ပြီးခဲ့တဲ့ မေလ ရွေးကောက်ပွဲမှာ လက်ယာစွန်း လွတ်လပ်ရေးပါတီက နောဘတ် ဟိုဖာက တသီးပုဂ္ဂလ မစ္စတာ ဗန်ဒါ ဘဲလန်ကို ကပ်ရှုံးထားခဲ့ပေမယ့် အခုလို ပြန်လည် ကျင်းပရတာ ဖြစ်ပါတယ်။

မစ္စတာ ဟိုဖာသာ အနိုင်ရခဲ့မယ်ဆိုရင် ဥရောပသမဂ္ဂအတွင်းမှာ သြစတြီးယားဟာ လက်ယာ အစွန်းရောက်ကို ခေါင်းဆောင် တင်မြှောက်တဲ့ ပထမဆုံး နိုင်ငံ ဖြစ်လာမှာ ဖြစ်ပါတယ်။

သူက နိုင်ငံခြားသား ဝင်ရောက်မှုကို ကန့်သတ်ပြီး ဥရောပသမဂ္ဂရဲ့ အာဏာလွှမ်းမိုးမှုတွေကို တွန်းလှန်မယ်လို့ ပြောဆိုထားသူ ဖြစ်ပါတယ်။

သူဟာ ရုရှားနဲ့ ပူးပေါင်း ဆောင်ရွက်လိုတဲ့ ဆန္ဒရှိတယ်လို့လည်း ပြောဆိုထားသူဖြစ်ပါတယ်။

မစ္စတာ ဘဲလန်ကတော့ သူဟာ လွတ်လပ်တဲ့ ဥရောပကို လိုလားပေမယ့် နိုင်ငံနယ်နမိတ်တွေ ဆက်ထားဖို့လိုတယ်လို့ပဲ ပြောဆိုထားသူ ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.