ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရန်ပုံငွေသည် အလှူရှင်များ လှူဒါန်း ပြီးနောက် ပြည်သူပိုင်ဖြစ်သည့်အတွက် သုံးစွဲရာတွင် ပွင့်လင်း မြင်သာမှုရှိရန် ဒေါ်အောင်ဆန်းစုကြည် ပြောကြား


ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရန်ပုံငွေသည့် အလှူရှင်များ လှူဒါန်းပြီးနောက် ပြည်သူပိုင်ဖြစ်သည့်အတွက် သုံးစွဲရာတွင် ပွင့်လင်းမြင် သာမှု ရှိစေရန် နိုင်ငံတော်၏ အတိုင် ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က ဒီင်္ဇင်ဘာ ၂၈ ရက်က ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ဒီဇင်ဘာ ၂၈ ရက်က ရန်ကုန်မြို့ရှိ NRCP ရုံးတွင် ပြုလုပ်သည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရန်ပုံငွေဆိုင်ရာ ပေါင်းစပ် ညှိနှိုင်းရေး အဖွဲ့ အစည်းအဝေး အဖွင့်မိန့်ခွန်းတွင် ပြော သွားကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ချက်အရ သိရသည်။

“ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရန်ပုံငွေကို နိုင်ငံတော်အစိုးရ တစ်ခုတည်းက ပိုင်ဆိုင်သည့်အတွက် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်း ချမ်းရေးဌာန NRPC က ပိုင်ဆိုင်ခြင်း မဟုတ်ကြောင်း၊ နိုင်ငံသူနိုင်ငံသား အားလုံးက ပိုင်ဆိုင်ခြင်း ဖြစ်ကြောင်း၊ အလှူရှင်များက လှူဒါန်း လိုက်ပြီးသည့် နောက်တွင် ပြည်သူပိုင် ဖြစ်သွားပြီ ဖြစ်ကြောင်း၊ ထိုရန်ပုံငွေများကို စိစစ်ရာတွင်လည်း မည်သည့် အတွက်ကြောင့် သုံးစွဲရသည်၊ မည်သည့် နေရာများတွင် သုံးစွဲရသည်ကို ယခု ပေါင်းစပ် ညှိနှိုင်းရေးအဖွဲ့က သဘောတူညီရန် လိုအပ်သလို ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှု ရှိရန် လိုအပ်ပါကြောင်း” ဒေါ်အောင်ဆန်းစုကြည်က ပြောကြား သွားကြောင်း ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်မှ ဆက်လက်ပြီး ရန်ပုံငွေ လုံလောက်မှု မရှိသဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ထိခိုက်စေခြင်းမျိုး မဖြစ်ရန် လိုအပ်ကြောင်း ၊ မလိုအပ်ဘဲ အပိုကုန်ကျမှုများ မရှိရန်လည်း လိုအပ်ကြောင်း ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရန်ပုံငွေဆိုင်ရာ ပေါင်းစပ် ညှိနှိုင်းရေးအဖွဲ့က သဘောတူ ချမှတ်ထားသော ဦးစားပေး ကဏ္ဍကြီးများနှင့် ညီညွတ်မှုရှိရမည် ဖြစ်ကြောင်းနှင့် အဖွဲ့အစည်း တစ်ဖွဲ့ချင်း၏ ရန်ပုံငွေကိစ္စမှာ အဆိုပါ အဖွဲ့အစည်းများနှင့်သာ သက်ဆိုင်သည့်အတွက် JCB အဖွဲ့အနေဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် ဆက်စပ် ပတ်သက်သည့် ရန်ပုံငွေ ကိစ္စရပ်များကိုသာ ဆွေးနွေးညှိနှိုင်း မည် ဖြစ်ကြောင်းဖြင့် ရှင်းလင်းပြောကြား ခဲ့သည်။

အစည်းအဝေးတွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ် ရေးထိုးထားပြီး ဖြစ်သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရန်ပုံငွေဆိုင်ရာ အစီအစဉ် များ၊ အတည်ပြုထားပြီး ဖြစ်သည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ရန်ပုံငွေဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ JCB ၏ တာဝန်နှင့် ဝတ္တရားများကို အခြေခံ၍ လုပ်ငန်းအဖွဲ့များ၊ ရုံးအဖွဲ့များ ဖွဲ့စည်းထား ရှိဆောင်ရွက်ရေး၊ JCB ၏ လုပ်ငန်းလမ်းညွှန်နှင့် လုပ်ထုံးလုပ်နည်း များ ရေးဆွဲအတည်ပြုရေး၊ လတ်တလော လိုအပ်ချက်များကို အလေးပေး ခွင့်ပြုနိုင်ရေး စသည်တို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးသို့ NCA လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ကိုယ်စား ပဒိုစောကွယ်ထူးဝင်း (KNU အထွေထွေ အတွင်းရေးမှူး)၊ ဦးစိုင်းလျန်း (RCSS-SSA)၊ ဆလိုင်းထလာဟေး (CNF အထွေထွေ အတွင်းရေးမှူး)၊ ဦးမျိုးဝင်း (ABSDF)နှင့် NCA လက်မှတ် ရေးထိုးခြင်းမရှိသေးသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှ ဦးစံလော (“ဝ” အထူးဒေ သ ၂ ၊ ပြည်ပ ဆက်ဆံရေးဌာနမှူး) နှင့် ဦးခမ်းမောင် (အထူးဒေသ (၄) မိုင်းလား၊ ငြိမ်းချမ်းရေးနှင့် စည်းလုံးရေး ကော်မတီ)တို့ တက်ရောက် ခဲ့ကြကြောင်း သိရသည်။
The Ladies News
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.