ဥပဒေမဲ့လုပ်ရပ်တွေနဲ့ မသမာမှုတွေကို တိတိကျကျတိုင်ကြားဖို့ လွှတ်တော်ဥက္ကဌ တိုက်တွန်း



( ဓါတ်ပုံ - ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့် ကို ဒီဇင်ဘာလ ၆ ရက်နေ့က တွေ့ရစဉ် )
မဲဆန္ဒနယ်မြေအသီးသီးမှာ ဥပဒေမဲ့လုပ်ရပ်တွေနဲ့ မသမာမှုတွေ တွေ့ရှိရင် သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ လွှတ်တော်ဥက္ကဌတွေထံ တိတိကျကျ တိုင်ကြားဖို့ ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့် က လွှတ်တော်ကိုယ်စားလှယ်တွေကို တိုက်တွန်းလိုက်ပါတယ်။

ဒီနေ့ ပြည်သူ့လွှတ်တော်မှာ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အနေနဲ့ စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးရာမှာ ကျေးရွာဘဏ်ကော်မတီတွေကို စနစ်တကျဖွဲ့စည်းပြီး ကျေးရွာတွေအရောက် ချေးငွေထုတ်ပေးတဲ့ပုံစံ ပြောင်းလဲပေးဖို့အဆိုကို လွှတ်တော်ကိုယ်စားလှယ်တွေ ဆွေးနွေးပြီးနောက် လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့် က တိုက်တွန်းလိုက်တာဖြစ်ပါတယ်။

အဲဒီအဆိုကို ဝင်ရောက်ဆွေးနွေးခဲ့တဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြင့် က စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ပေးရာမှာ လယ်ယာမြေလုပ်ပိုင်ခွင့် ပုံစံ ၇ ရှိမှထုတ်ချေးပေးတာကြောင့် ပုံစံ ၇ တွေဟာ အမှန်တကယ် လယ်လုပ်တဲ့သူတွေထံ မရောက်ရှိဘဲ အောက်ခြေမှာ မသမာမှုတွေ ပြုလုပ်ပြီး စိုက်ပျိုးစရိတ်ချေးငွေတွေကို ထုတ်ယူနေကြောင်း အမှန်တကယ် တောင်ယာလုပ်ကိုင်သူတွေ ချေးငွေရရှိဖို့ အခက်အခဲဖြစ်နေရကြောင်း ဆွေးနွေးခဲ့ပါတယ်။

အဲဒီဆွေးနွေးမှုနဲ့ ပတ်သက်ပြီး အောက်ခြေမှာ မမှန်မကန်ဆောင်ရွက်နေတာတွေကို လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ တိတိကျကျလေ့လာပြီး အထောက်အထားခိုင်ခိုင်လုံလုံနဲ့ တင်ပြဖို့ ဦးဝင်းမြင့် က ပြောခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနအနေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ ပြောဆိုထားပေမယ့် မဲဆန္ဒနယ်တွေကို ဆင်းတဲ့အခါမှာ အောက်ခြေမှာ ဝန်ထမ်းတွေက ဝန်ကြီးဌာနရဲ့ ညွန်ကြားချက် မရရှိသေးကြောင်း ပြောဆိုတာကြောင့် ကိုယ်စားလှယ်တွေအနေနဲ့ အခက်အခဲဖြစ်ရကြောင်းလည်း ဦးအောင်မြင့် က တင်ပြခဲ့ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.