ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တချို့ကို ပြန်လည်တုန့်ပြန်မယ့်သူတွေ မထသနဲ့ ပူးပေါင်းဖို့ ပြော



( မော်တော်ယာဉ်လိုင်းပေါင်းစုံ ထိန်းသိမ်းရေး ဗဟိုဌာန ဥက္ကဋ္ဌ ဦးလှအောင် ဒီဇင်ဘာလ ၂၆ ရက်နေ့က ယာဉ်လိုင်း တည်ထောင်ထားသူတွေနဲ့ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံနေစဉ် )Photo: Aung Thain Kha/ RFA
ရန်ကုန်မြို့က လိုင်းကားတွေပေါ်မှာ ခရီးသည်တွေကို ရိုင်းရိုင်းစိုင်းစိုင်းပြောတာတွေနဲ့ ကိုယ်ထိ လက်ရောက် ကျူးလွန်တဲ့ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေကို ပြန်လည်တုံ့ပြန်မယ့်သူတွေ အနေနဲ့ မထသ (ဗဟို) နဲ့ ပူးပေါင်းပြီး ဥပဒေနဲ့ အညီဖြေရှင်းဖို့ ပြောလိုက်ပါတယ်။

ဒီကနေ့ ရန်ကုန်မြို့ မော်တော်ယာဉ်လိုင်းပေါင်းစုံ ထိန်းသိမ်းရေးအဖွဲ့ ဗဟိုဌာနမှာ မထသရဲ့ ခရိုင်အသီးသီးက တာဝန်ရှိသူတွေ၊ ယာဉ်လိုင်း တည်ထောင်ထားသူတွေနဲ့ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံပွဲမှာ မော်တော်ယာဉ်လိုင်းပေါင်းစုံ ထိန်းသိမ်းရေး ဗဟိုဌာန ဥက္ကဋ္ဌ ဦးလှအောင် က ပြောခဲ့တာ ဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးက ပြည်သူတွေ အနေနဲ့ ဘတ်စ်ကားကို နေ့စဉ်အသုံးပြုနေရတာ ဖြစ်ပါတယ်။ ယာဉ်လုပ်သားတွေရဲ့ ကိုယ်ထိလက်ရောက် ကျူးလွန်တာတွေကို ပြန်လည်အရေးယူရာမှာ ကျူးလွန် တာနဲ့ညီမျှတဲ့ ပြစ်ဒဏ်မျိုးကို ဥပဒေကြောင်းအရ ထိထိရောက်ရောက် ပေးသင့်တယ်လို့ ပြောပါတယ်။

လိုင်းကားတွေပေါ်မှာ ယာဉ်နောက်လိုက်၊ ယာဉ်မောင်းတွေက ခရီးသည်တွေကို ရိုင်းရိုင်းစိုင်းစိုင်း ပြောတာတွေနဲ့ ကိုယ်ထိလက်ရောက် ကျူးလွန်တာတွေကို ပြန်လည်တုံ့ပြန်မယ့်သူတွေ စုပြီး မ.ထ.န လို့ခေါ်တဲ့ "မိုက်ရိုင်း မော်တော်ယာဉ် နှိမ်နှင်းရေး" အဖွဲ့ကို ဖွဲ့စည်းနေပါတယ်။

လိုင်းကားယာဉ်မောင်း နဲ့ ယာဉ်နောက်လိုက်တွေရဲ့ ကိုယ်ထိလက်ရောက်ကျုးလွန်မှု တွေကို အရေးယူတာတွေ အားနည်းတဲ့အတွက် ခရီးသွားပြည်သူအချို့စုပြီး ပြန်လည်တုံ့ပြန်သွားမှာ ဖြစ်တယ်လို့ အဲဒီအဖွဲ့မှာ ပါဝင်တဲ့ ကိုကျော်ဥာဏ်ဟိန်း က ပြောပါတယ်။

"မော်တော်ယာဉ် ဘတ်စ်ကားတချို့ပေါ့နော်။ ခရီးသွားပြည်သူတွေကို ရိုင်းပြတဲ့ဆက်ဆံမှုတွေ၊ ကိုယ်ထိလက်ရောက် ကျုးလွန်တာမျိုးတွေ ဖြစ်ပေါ်လာပါတယ်။ ဖြစ်ပေါ်လာတဲ့အခါမှာ သက်ဆိုင်ရာ အရာရှိတွေက အရေးယူတာ အားနည်းတယ် ခင်ဗျ၊ အားနည်းတဲ့အခါမှာ ကျုးလွန်မှုတွေ များလာတဲ့အခါ ခရီးသွားပြည်သူတွေက ဆန့်ကျင်တွန်းလှန်တဲ့အတွက် Campaign တစ်ခုဖြစ်ပေါ်လာတာပါ။ ကျုးလွန်လိုက်တဲ့ ဘတ်စ်ကား ဒါမှမဟုတ်အဲ့ဒါမျိုးကို အဖွဲ့လိုက်သွားမယ်။ သွားပြီးတော့ ဒီလိုမျိုးဖြစ်စဉ်တွေကို နောက်မလုပ်ဖို့ ပြောဆိုမယ်ပေါ့နော်။ သူတို့တွေက လက်မခံနိုင်ဘူး ၊ လက်မခံဘဲ တုံ့ပြန်လာမယ်ဆိုရင် တုံ့ပြန်လာတဲ့အတိုင်း ပြန်ပြီးတော့ ထိထိရောက်ရောက် တုံ့ပြန်မယ်လို့ စဉ်းစားထားပါတယ်။"

လိုင်းကားတွေပေါ်မှာ ခရီးသည်တွေကို ရိုင်းရိုင်းစိုင်းစိုင်းပြောဆိုတာတွေနဲ့ ကိုယ်ထိလက်ရောက် ထိုးကြိတ်တာတွေ စော်ကားတာတွေရှိလာခဲ့ရင် ဗွီဒီယို ဒါမှမဟုတ် ဓာတ်ပုံ ရိုက်ယူပြီး အချက်အလက် ပြည့်ပြည့်စုံစုံနဲ့ ဖေ့စ်ဘွတ်မှာ တင်ပေးရမှာဖြစ်ပါတယ်။

လိုင်းကားတွေ တစ်စီးနဲ့ တစ်စီးပြိုင်မောင်းတာ၊ ခရီးသည်တွေကို အတင်အချ လုပ်တဲ့အခါ အတင်းဆွဲချတာတွေ တွန်းချတာတွေ၊ သတ်မှတ်ထားတဲ့ ယာဉ်စီးခထက် ပိုတောင်းတာတွေကြောင့် ခရီးသည်တွေနဲ့ စကားများပြီး ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တချို့က ခရီးသည်တွေအပေါ် ကိုယ်ထိလက်ရောက် ကျုးလွန်တာတွေ ရှိနေတဲ့အတွက် ဝေဖန်မှုတွေ ရှိနေပါတယ်။

အဲဒီလိုလုပ်ဆောင်နေတဲ့ ယာဉ်လိုင်းတွေ၊ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေကို အရေးယူမှုအပေါ် ဝေဖန်မှုတွေလည်း ရှိနေတာဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.