မက္ကဆီကို အလယ်ပိုင်းတွင် အသတ်ခံရသူ ခြောက်ဦး၏ ဦးခေါင်းများတွေ့ရှိ



မက္ကဆီကိုနိုင်ငံ Jiquilpan မြို့တစ်နေရာအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)
    မက္ကဆီကို စီးတီး၊ ဒီဇင်ဘာ ၂၆ရက် (ဆင်ဟွာ)

    မက္ကဆီကိုနိုင်ငံ အလယ်ပိုင်း ရှိ မြို့ငယ်တစ်ခု တွင် ဒီဇင်ဘာ ၂၅ရက် ခရစ်စမတ်နေ့က လမ်းမပေါ်တွင် စွန့်ပစ်ထားသည့် ဦးခေါင်းပြတ် ၆လုံးအား တွေ့ရှိခဲ့ကြောင်း ပြည်တွင်းမီဒီယာတစ်ခုက ဖော်ပြခဲ့သည်။

အာဏာပိုင်များသည် ဦးခေါင်းပြတ်များ အနီးရှိ ကတ်ပြားတစ်ခုပေါ်၌ ရေးခြစ်ထားသည့် စာတိုတစ်စောင်အား တွေ့ရှိခဲ့သော်လည်း မည်သည့်အကြောင်းရင်းအား ရေးသားထားခြင်းကိုမူ ထုတ်ပြန်ခဲ့ခြင်းမရှိကြောင်း Daily Excelsior က ဖော်ပြခဲ့သည်။

ဦးခေါင်းပြတ် ၆လုံးသည် လူငယ်အမျိုးသားများ၏ ဦးခေါင်းများဖြစ်ပြီး မီချိုအာကန်ပြည်နယ်ရှိ လူဦးရေ ၅၀,၀၀၀ ထက်မကျော်သည့် Jiquilpan မြို့တွင် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကနဦး သတင်းအချက်အလက်များအရ အဆိုပါ ဖြစ်ရပ်သည် ရာဇဝတ်ဂိုဏ်းများကြားဖြစ်ပွားခဲ့သော တိုက်ပွဲများ၏ နောက်ဆက်တွဲ အကျိုးဆက်ဖြစ်ကြောင်း သိရသည်။

ပြိုင်ဘက် ရာဇဝတ်ဂိုဏ်း၏ တုံ့ပြန်တိုက်ခိုက်မှုများ ဖြစ်ပေါ်လာနိုင်သည့်အတွက် မြို့ပတ်ဝန်းကျင်၏ လုံခြုံရေးအား တိုးမြှင့်ထားခဲ့ပြီး ကင်းလှည့်မှု နှင့် စစ်ဆေးရေးဂိတ်များ တွင် ပြည်နယ်ရဲတပ်ဖွဲ့ဝင်များ ထားရှိထားကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.