ဘာစီလိုနာ သို့ သွားရောက်မည့် တူနီးရှား လေယာဉ် ပေါ်တွင် ဗုံးလန့်မှုဖြစ်ပွား



တူးနစ်-ကာ့တေ့ခ်ျ အပြည်ပြည်ဆိုင်ရာလေဆိပ် အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)
   တူးနစ်၊ ဒီဇင်ဘာ ၂၆ရက် (ဆင်ဟွာ)

    တူနီးရှား ပြည်ထဲရေးဝန်ကြီးဋ္ဌာန က ဒီဇင်ဘာ ၂၅ရက်တွင် ဗုံးလန့်မှုတစ်ခုဖြစ်ပွားခဲ့ရာ စပိန်နိုင်ငံ ဘာစီလိုနာမြို့သို့ သွားရောက်မည့် တူနီးရှား လေယာဉ်တစ်စီး ထွက်ခွာရန် နှောင့်နှေးခဲ့ရကြောင်း ပြောကြားခဲ့သည်။

    လုံခြုံရေးတပ်ဖွဲ့ဝင်များသည် တူးနစ်-ကာ့တေ့ခ်ျ အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာမည်ဟု ယူဆရသည့် တူနီးရှားအမျိုးသားလေကြောင်းလိုင်းပိုင် လေယာဉ်တစ်စီးပေါ်မှ ခရီးသည်အားလုံး အား ကယ်ထုတ်ခဲ့ပြီး လေယာဉ်အား ရှာဖွေစစ်ဆေးခြင်း နှင့် ခရီးဆောင်အိတ်များအား စစ်ဆေးခြင်းတို့ပြုလုပ်ခဲ့သော်လည်း သံသယရှိဖွယ် ပစ္စည်းတစ်စုံတစ်ရာ မတွေ့ရှိခဲ့ကြောင်း ဝန်ကြီးဋ္ဌာန၏ပြောကြားချက်အရ သိရသည်။

    ထို့နောက် လေယာဉ်သည် လေဆိပ်မှ ထွက်ခွာသွားကာ ဘာစီလိုနာမြို့တွင် ဘေးကင်းစွာ ဆင်းသက်နိုင်ခဲ့ကြောင်း သိရသည်။

    သို့သော် သံသယရှိဖွယ် အမျိုးသမီးတစ်ဦးအား စစ်ဆေးမေးမြန်းမှုများပြုလုပ်လျက်ရှိကြောင်း ဝန်ကြီးဋ္ဌာနက ထုတ်ပြန်ချက်တွင်ဖော်ပြခဲ့သည်။

(Xinhua)
http://www.xinhuamyanmar.com
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.