အရေးယူခံရတဲ့ ရဲတပ်ဖွဲ့ဝင် ၂၀၀ ကျော်ရှိ



ဓါတ်ပုံ - (မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ်)
ဧရာဝတီတိုင်းဒေသကြီးက ရဲတပ်ဖွဲ့ဝင် ၂၀၀ ကျော်ကို ရဲစည်းကမ်းဖောက်ဖျက်မှုတွေနဲ့ အရေးယူဆောင်ရွက်ထားတယ်လို့ ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့က ရဲမှူးကြီး ထွန်းမင်း ကပြောပါတယ်။

ရဲစည်းကမ်းဖောက်ဖျက်သူတွေကို ရဲမှူးအဆင့်ကစပြီး အောက်ခြေ၀န်ထမ်းတွေအထိ အရေးယူ ဆောင်ရွက်ထားတယ်လို့ ရဲမှူးကြီး ထွန်းမင်းက ပြောပါတယ်။

"တိုင်ကြားခံရတာ ရဲမှူးအဆင့်ကနေစပြီးတော့ ရဲဘော်အဆင့်အထိ ရှိပါတယ်။ ထောင်ကျတဲ့သူ ၂၆ ယောက်၊ ထုတ်ပစ်တဲ့သူ ၄ ယောက်၊ ရာထူးအဆင့်လျှော့ချတာ ၁၀ ယောက်ကျော်ကျော်၊ နောက်ဝန်ထမ်းလုပ်သက် လျှော့ချတာ ၃၅ ယောက်၊ နောက် နှစ်တိုးလျှော့ချတယ်၊ မှတ်တမ်းဝင်သတိပေးတယ်၊ ပြင်းထန်စွာ သတိပေးရှုတ်ချတယ် အများကြီးပါပဲ"

အမှုကိုမမှန်မကန်စစ်ဆေးမှု၊ လိုင်းကြေးတောင်းတာ၊ အမှုဆင်ဖမ်းတာ၊ အမှုစစ်ကြန့်ကြာတာ၊ တရားခံကို မဖမ်းတာစတာတွေကြောင့် ရဲတပ်ဖွဲ့ဝင်တွေကို တိုင်ကြားထားတဲ့အမှုပေါင်း ၁၅၇ မှုရှိပြီး တိုင်ကြားမှုအပြင် ရဲစည်းကမ်းဖောက်ဖျက်မှုတွေကြောင့် အရေးယူခံထားရတဲ့ ရဲဝန်ထမ်း စုစုပေါင်း ၂၀၀ ကျော်ရှိပါတယ်။

ကျူးလွန်တဲ့ပြစ်မှုအလိုက် ထောင်ဒဏ်အပြစ်ပေးတာ၊ အလုပ်က ထုတ်ပယ်တာ၊ ရာထူးလျှော့ချတာ၊ နှစ်တိုးလျှော့ချတာ၊ ပြင်းထန်စွာအပြစ်ပေးတာတွေ လုပ်ဆောင်ထားတယ်လို့ ပြောပါတယ်။
ဧရာဝတီတိုင်းဒေသကြီးအတွင်းက ပုသိမ်ခရိုင်၊ ဖျာပုံခရိုင်၊ မအူပင်ခရိုင်တွေမှာ အများဆုံးတိုင်ကြားခံထားရတာ ဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.