ဗိုလ်မှူးကျော်နုမော် အိမ်မှ အိမ်အကူကလေးငယ်အား နှိပ်စက်သော အိမ်အကူအမျိုးသမီးကို အလုပ်နှင့်ထောင်ဒဏ် ၂ နှစ် ချမှတ်


အမိန့်ချမှတ်ပြီးနောက် ရဲတပ်ဖွဲ့ဝင်များ ဒေါ်သန်းနွဲ့ကို ခေါ်ဆောင်လာစဉ် (ဓာတ်ပုံ − ဖြိုးဝေလင်း)
ဗိုလ်မှူးကျော်နုမော်၏ နေအိမ်တွင် အရွယ်မရောက်သေး သော အသက်(၈)နှစ်အရွယ် အိမ်အကူမိန်းကလေးငယ်ကို အ၀တ်အစားများချွတ်၍ လက်ပြန်ကြိုးတုပ်ကာ ရိုက်နှက်ခဲ့သည့် ဒေါ်သန်းနွဲ့ကို အလုပ်နှင့်ထောင်ဒဏ် ၂ နှစ် ကျခံစေရန် ဗဟန်းမြို့နယ် တရားရုံးက ယမန်နေ့တွင် အမိန့်ချမှတ်သည်။


တရားခံဒေါ်သန်းနွဲ့က အ သက် (၈)နှစ်အရွယ် မိန်းကလေး အား လိမ္မာရေးခြားရှိစေရန် ဆို ဆုံးမခြင်းဖြစ်ကြောင်း တရားခွင် အတွင်း ချေပခဲ့သော်လည်း တ ရားလို၊ ကာယကံရှင်ကလေးငယ် နှင့် လိုပြသက်သေများကို စစ်ဆေးချက်အရ ညှဉ်းပန်းနှိပ်စက် ခြင်းမှာ ပေါ်ပေါက်ခဲ့သဖြင့် ဒီဇင်ဘာ ၃၀ ရက်တွင် စွဲချက်တင်ပုဒ်မဖြစ်သည့် ကလေးသူငယ် ဥပဒေ ပုဒ်မ ၆၆ (ဃ)ဖြင့် အလုပ်နှင့်ထောင်ဒဏ် ၂ နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း ဗဟန်းမြို့နယ် တရားရုံးမှ သိရသည်။

မိန်းကလေးငယ်အား နှိပ် စက်နေသည့် ဓာတ်ပုံကို ရိုက်ယူ ကာ လူမှုကွန်ရက်စာမျက်နှာပေါ် သို့ ဖြန့်ဝေခဲ့သည့် ဦးစည်သူသည် မနာလိုစိတ်ဖြင့် ဓာတ်ပုံများကို တမင်ဖြန့်ဝေခြင်း မဟုတ်ဘဲ ဆရာဝန်စစ်ဆေးချက်အရ မိန်းကလေးငယ်၏ ခန္ဓာကိုယ်တွင် ဒဏ်ရာဟောင်း ၃၂ ခု၊ လတ်တလော ဒဏ်ရာခုနစ်ခု တွေ့ရှိခဲ့ကြောင်း တရားခွင်အတွင်းမှ သတင်းရရှိသည်။

မိန်းကလေးငယ်အား ညှဉ်း ပန်းနှိပ်စက်ခဲ့သည့် တရားခံ ဒေါ် သန်းနွဲ့ကို ၁၉၉၃ ကလေးသူငယ် ဥပဒေ ပုဒ်မ ၆၆ (ဃ)ဖြင့် စွဲချက် တင်ခဲ့ပြီး နစ်နာသူကို ဥပဒေဖြင့် ကာကွယ်ပေးရန်နှင့် နောက်လူ များ အတုယူစေရန် စွဲချက်တင် ပုဒ်မ၏ အမြင့်ဆုံးပြစ်ဒဏ် ချ မှတ်ခဲ့ကြောင်း ဗဟန်းမြို့နယ်တရားရုံးမှ သိရသည်။

ပြီးခဲ့သည့် ၂၀၁၅ နိုဝင်ဘာ ၁၉ ရက်က ဗိုလ်မှူးကျော်နုမော် ၏ နေအိမ်ဖြစ်သည့် ဗဟန်းမြို့ နယ် တက္ကသိုလ်ရိပ်သာလမ်းသစ်၊ အိမ်အမှတ် ၂၅(C4) ခြံဝင်းအ တွင်း အသက်(၈)နှစ်အရွယ် အိမ်အကူမိန်းကလေးကို လက်ပြန်ကြိုးတုပ်ကာ နေပူထဲတွင် ထိုင်စေ၍ ရိုက်နှက်နေသည့် ဓာတ်ပုံသည် လူမှုကွန်ရက်စာမျက်နှာပေါ်သို့ ပျံ့နှံ့လာခဲ့ရာမှ အမှုပေါ် ပေါက်လာခဲ့သည်။

အသက်(၈)နှစ်အရွယ် အိမ် အကူမိန်းကလေးကို နှိပ်စက်ခဲ့ သည်ဟု စွပ်စွဲခံထားရသူ ဒေါ်သန်းနွဲ့ကို ဇန်န၀ါရီ ၂၅ ရက်က ကလေးသူငယ်ဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် အရေးယူဆောင်ရွက်ရန် ဗဟန်းမြို့နယ် တရားသူကြီးက ဆုံးဖြတ်ခဲ့ပြီး ဖေဖော်ဝါရီ ၂၂ ရက်မှသာ အမှုကို ပထမဆုံးအ ကြိမ် စစ်ဆေးခြင်းဖြစ်သည်။

‘‘ပြစ်ဒဏ် ၂ နှစ်ချလိုက်တာ ကတော့ တစ်ပိုင်းပေါ့နော်။ ဒါပေ မဲ့ တခြားပုဒ်မတွေနဲ့လည်း တရား စွဲသင့်တာပေါ့။ ခံရတဲ့သူက ကလေးပဲရှိသေးတယ်။ သူ့မှာ စိတ်ဒဏ်ရာပါ ရသွားတာ။ တခြားပုဒ်မတွေနဲ့ တရားမစွဲတာက တပ်မတော်အရာရှိတစ်ဦးရဲ့ အိမ်ကိစ္စ ဖြစ်နေတာကြောင့်လား။ အမှုတည်ဆောက်တဲ့အပိုင်းနဲ့ ၀န်းရံ တဲ့သူတွေ လိုသွားတာပေါ့’’ဟု ၀ါရင့် တရားလွှတ်တော်ရှေ့နေတစ် ဦးကပြောသည်။

ပြစ်ဒဏ်ချမှတ်ခံရသည့် ဒေါ်သန်းနွဲ့သည်လည်း ဗိုလ်မှူး ကျော်နုမော်၏ နေအိမ်တွင် အိမ်အကူလုပ်ကိုင်နေသူဖြစ်သည်။

‘‘အရင် ကလေးသူငယ်နဲ့ ပတ်သက်ပြီး ပြဋ္ဌာန်းထားတဲ့ဥပဒေမှာတော့ လက်တွေ့လုပ်တဲ့သူကိုပဲ အရေးယူတာ။ အမှန်တော့ သွယ်ဝိုက်တဲ့နည်းနဲ့ အိမ်ရှင်တွေမှာလည်း တာဝန်ရှိပါတယ်။ အိမ်ရှင်တွေကို ဘာလို့ အရေးမယူတာလဲ ဆိုတာတော့ တရားရေးအပိုင်းဖြစ်လို့ မှတ်ချက်တော့ မပေးချင်ဘူး။ ကလေးသူငယ် ဥပဒေအသစ်မှာတော့ တစ်မျိုးဖြစ်လာမှာပါ’’ဟု အမျိုးသမီးနှင့်ကလေးသူငယ်အခွင့်အရေးဆိုင် ရာကော်မတီဥက္ကဋ္ဌ ဒေါက်တာမြ သောင်းကဆိုသည်။
7Day News Journal

http://www.7daydaily.com/story/84986
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.