မြန်မာ့ကားဈေးကွက်တွင် ဟွန်ဒါလူကြိုက်များလာသော်လည်း တိုယိုတာက လွှမ်းမိုးထားဆဲ


ဟွန်ဒါကားကုမ္ပဏီသည် ဟွန်ဒါကားပိုင်ရှင်များအား ကားရောင်းချပြီးနောက် ၀န်ဆောင်မှုပံ့ပိုးပေးရန် ပြည်တွင်း ကုမ္ပဏီတခု၊ ဟွန်ဒါ၏ဒေသဆိုင်ရာလုပ်ငန်းခွဲနှင့်အတူ မြန်မာနိုင်ငံတွင် ပထမဆုံးကား ဆားဗစ်စင်တာတခု ဖွင့်လှစ်ခဲ့သည်။
ဟွန်ဒါ၏ အာရှနှင့် သမုဒ္ဒရာဒေသဆိုင်ရာဌာနချုပ်များ၊ Eastern Nova Co, Asian Honda Motor Co. တို့နှင့် ပူးပေါင်းလျက် ဂျပန်ကားကုမ္ပဏီသည် မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော် ရန်ကုန်မြို့အနောက်ပိုင်း၌ ကားဆားဗစ်စင်တာကို တည်ဆောက်ခဲ့သည်။

အသစ်တည်ထောင်လိုက်သည့် Eastern Nova ကုမ္ပဏီ၏ ဒါရိုက်တာ ဦးမြင့်ဦးက မြန်မာနိုင်ငံတွင် ဟွန်ဒါကားများ ပိုမိုလူကြိုက်များလာသည့်အတွက် ဂျပန်ကားကုမ္ပဏီအနေနှင့် ဈေးကွက်နေရာ ပိုရရှိရန် ကြိုးပမ်းသောအားဖြင့် ကားဆားဗစ်စင်တာဖွင့်လှစ်ရခြင်းဖြစ်သည်ဟုပြောကြားသည်။ မြန်မာနိုင်ငံတွင် တိုယိုတာကားများ လူကြိုက်များပြီး ၂၀၁၄ ခုနှစ်တွင်ကားဈေးကွက်၏ ၆၅ရာခိုင်နှုန်းကိုလွှမ်းမိုးထားသည်။

''၂၀၁၁ ခုနှစ်တွင် အစိုးရရဲ့ ကားတင်သွင်းခွင့် မူဝါဒပြောင်းလဲလာတဲ့အချိန်ကစပြီး လူတွေက ဟွန်ဒါကားတွေ ပိုပြီးတင်သွင်းလာပါတယ်။ လူကြိုက်အများဆုံး မော်ဒယ်က Honda Fit ဖြစ်ပါတယ်''ဟု ၎င်းက ပြောသည်။ ဆက်လက်ပြီး ၎င်းက မြန်မာနိုင်ငံတွင် ဒုတိယလူကြိုက်အများဆုံး ဆူဇူကီး Brand သည် ၂၀၁၄ ခုနှစ် တွင် ဈေးကွက်၏ ၁၁ ရာခိုင်နှုန်းရှိရာမှ လောလောဆယ်ဈေးကွက် ၂၀ ရာခိုင်နှုန်းကို ထိန်းချုပ်ထားသည်ဟု ခန့်မှန်းသည်။

ဈေးကွက်၏ ၉၅ ရာခိုင်နှုန်းကို တပတ်ရစ်ကားများ လွှမ်းမိုးထားသော တိုင်းပြည်တပြည်တွင် ကားဈေးကွက် ဖွံ့ဖြိုးလာသည်နှင့်အမျှ ကားအပိုပစ္စည်းလိုအပ်ချက် ပိုမိုကြီးထွားလာဖွယ်ရှိသည်။

ဂျာမနီနိုင်ငံ၏ အကြီးဆုံးဈေးကွက် သုတေသနသိပ္ပံ GFK က ၂၀၁၆ နှစ်လယ်တွင် ထုတ်ပြန်သည့် အစီရင်ခံစာ တစောင်က မြန်မာနိုင်ငံရှိကားပိုင်ရှင်များသည် ပူပြင်းသည့် ရာသီဥတုအခြေအနေနှင့် ကြမ်းတမ်းသော လမ်းမများကြောင့် ၎င်းတို့၏ကားများကို မကြာခဏပြုပြင်နေရသလို ကားအပိုပစ္စည်းများ လဲလှယ်နေရကြောင်း ဖော်ပြသည်။ Asia Honda စားသုံးသူဝန်ဆောင်မှုဌာနခွဲ၏ အထွေထွေမန်နေဂျာ နိုဘူအိုကန်နိုင်ငံတွင် ရောင်းချပြီးနောက် ဆားဗစ်လုပ်ပေးသည့်ဈေးကွက် ကြီးထွားလာမည့် အလားအလာရှိကြောင်း ပြောကြားသည်။

''ဈေးကွက်မှာ ဟွန်ဒါကားအများအပြား တွေ့မြင်နေရပါတယ်။ ဒါကြောင့် အလားအလာအကောင်းအချို့ကို မြင်တွေ့နေရပါတယ်။ နောက်ပိုင်းကျရင် မြန်မာနိုင်ငံမှာ ကားစီးပွားရေးလုပ်ငန်းသစ်ကို ကျွန်တော်တို့ စဉ်းစားမယ်''ဟု ၎င်းက ပြောသည်။ ဟွန်ဒါကုမ္ပဏီ၏ မြန်မာနိုင်ငံတွင် လောလောဆယ် မှတ်ပုံတင်ထားသည့် တပတ်ရစ်ဟွန်ဒါကား ၄၂,၀၀၀ ခန့်ရှိကြောင်း သိရသည်။ ၂၀၁၁ ခုနှစ်မှစ၍ မြန်မာနိုင်ငံသည်မော်တော်ကား ၆၇၀,၀၀၀ ကျော် တင်သွင်းခဲ့ပြီး အဆိုပါကာလအတွင်း ကားတင်သွင်းသည့်မူဝါဒ ၁၂ ကြိမ်ထက်မနည်း ပြောင်းလဲခဲ့သည်။

S.M (Ref :Kyodo News)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.