ပုပ်ရဟန်းမင်းကြီးရဲ့ ခရစ္စမတ် မိန့်ခွန်း


ပုပ်ရဟန်းမင်းကြီး Francis ဟာ လူတွေအပြည့်အကျပ် ရောက်လာကြတဲ့ ဗာတီကန် နန်းတော်ရဲ့ St. Peter ဘုရားကျောင်းက ခရစ္စမတ်ညနေခင်း တရားပွဲမှာ စစ်ပွဲတွေ ရွှေ့ပြောင်းဒုက္ခသည် ပြဿနာတွေနဲ့ ဆိုးရွားလွန်းတဲ့ ဆင်းရဲမွဲတေမှုတွေ ကြား မြေဇာပင်ဖြစ်နေရတဲ့ အပြစ်မဲ့ပြည်သူတွေကို အကာအကွယ်ပေးကြဖို့ ကမ္ဘာ ကြီးကို တနှစ်တာလုံး တိုက်တွန်းခဲ့ တာတွေကို ထပ်လောင်း ဟောကြားသွား ပါတယ်။

စနေနေ့ည တရားပွဲဟာ ပုပ်ရဟန်းမင်းကြီးအတွက် ခရစ္စမတ်ရာသီမှာ ကြီးမားလှတဲ့ ပထမဆုံး အခမ်းအနားဖြစ်သလို၊ ခရစ္စမတ်နေ့ မွန်းလွဲပိုင်းမှာတော့ ဆုတောင်းမေတ္တာ ပို့သပေးမှာလည်း ဖြစ်ပါတယ်။

တချိန်တည်းမှာပဲ ယေရှုခရစ်တော် ဖွားမြင်ရာ အရပ်အဖြစ် ခရစ်ယာန် ဘာသာ ၀င်တွေ အထွတ်အမြတ်ထားတဲ့ အနောက်ဘက်ကမ်းခြေ ဒေသက Bethlehem မှာတော့ ပါလက်စတိုင်း ကင်းထောက်လူငယ် ယောက်ကျားလေးနဲ့ မိန်းကလေး ငယ်တွေဟာ Manger ရင်ပြင်မှာ ချီတက်လမ်းလျှောက်တဲ့ အခမ်းအနားတွေနဲ့ ခရစ္စမတ်ပွဲတော်ကို စတင်ဆင်နွှဲခဲ့ကြပါတယ်။ ပါလက်စတိုင်း အလံတွေကို ကိုင်ဆောင် ချီတက်ရာမှာတော့ ယေရှုခရစ်တော် ဖွားမြင်ရာအဖြစ် အစဉ်အလာ ယုံကြည်ထားကြတဲ့ ရှေးဟောင်း Nativity ဘုရားကျောင်းရှေ့မှာ ပြင်ဆင်ထားတဲ့ ဧရာမ ရွှေရောင် ခရစ္စမတ် သစ်ပင်ရှေ့ကနေ ဖြတ်လျှောက်ခဲ့ကြပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.