ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အရပ်သားအစိုးရအား မောင်းတော အကြမ်းဖက်ဖြစ်စဉ်က အကျပ်အတည်းထဲ တွန်းပို့ခဲ့ဟု ဆို


ရခိုင်အရေးနှင့် ပတ်သက်လာလျှင် အစိုးရသည်လည်း စိုးရိမ်ပူပန်မှုများ ရှိနေပြီး အရပ်သားအစိုးရတက်လာပြီး ၇ လတွင် ရုတ်ခြည်းပေါ်ပေါက်လာသည့် မောင်းတော အကြမ်းဖက်တိုက်ခိုက်ခံရမှုက ဒေါ်အောင်ဆန်းစုကြည် အား အကျပ်ရိုက်စေသည်ဟု နီးစပ်သည့် သံတမန်အသိုင်းအ၀ိုင်းက ဂျပန်အခြေစိုက် Nikkei သတင်းစာသို့ ပြောကြားခဲ့သည် ။

လက်ရှိ ကျမ်းသစ္စာကျိန်ဆိုပြီးသည့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်သစ် အန်တိုနီယိုဂုတာရတ်စ်က တင်းမာသည့် အရေးယူမှုများ လုပ်မည်လားဆိုသည့် အချက်အပေါ် မြန်မာအစိုးရအနေဖြင့် စိုးရိမ်မှုများ ရှိသည်။ ပြီးခဲ့သည့် ကုလ အထွေထွေညီလာခံ တွင် ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းပြောကြားရာတွင် ရခိုင်အရေးနှင့် ပတ်သက်၍ အချိန်နှင့် နားလည်မှု ပေးရန် နိုင်ငံတကာမှ ခေါင်းဆောင်များထံ ပန်ကြားခဲ့သည်။

မြန်မာအစိုးရ၏ ရခိုင်ပြည်နယ်၏ စီးပွားရေးဖွံ့ဖြိုးမှုများ လုပ်ဆောင်မည့် စီမံကိန်းရေးဆွဲမည့် အစီအစဉ်ကို ထောက်ခံရန် နိုင်ငံတကာက တုံ့ဆိုင်းနေသည့် အချိန်တွင် ကုလသမဂ္ဂအေဂျင်စီများက ရခိုင်ပြည်နယ်အတွက် အစီအစဉ်ဆွဲရမည့် ကိစွတွင် ကူညီရမည်ကို လက်ဝင်လျှိုရန် ၀န်လေးနေသည့်ပုံစံ ပြနေသည်။

ရခိုင်ပြည်နယ်၏ စီးပွားရေးဖွံ့ဖြိုးမည့် အစီအစဉ် ဟုဆိုသည့် စီမံကိန်းတွင် ပါဝင်ကြသည့် နိုင်ငံခြားပညာရှင်များနှင့် အလှူရှင်များ ကလည်း မြန်မာအစိုးရက မွတ်ဆလင် ၁၂၀,၀၀၀ ၏ နေထိုင်ရာ ဒုက္ခသည်စခန်းများကို ဖယ်ရှား ဖျက်သိမ်းပေးရန် ငြင်းပယ်သည့်အပေါ် စိုးရိမ်နေကြသည်။

နိုဝင်ဘာလတွင် အပြီးသတ်မည့် အဆိုပါ စီမံကိန်းရေးဆွဲမှုသည် ယခုအထိ ရပ်ဆိုင်းထားသည့် အခြေအနေတွင် ရှိသည်။ မြန်မာ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွင် ကူညီခဲ့ကြသည့် နိုင်ငံများအတွက် ရခိုင်အရေးသည် အရှက်ရစရာနှင့် ဒီမိုကရေစီ တည်မြဲမှု အလားအလာအတွက် မအောင်မြင်မှုဖြစ်လာသည်။

အနှစ်ငါးဆယ်ကျော်တွင်း တိုင်းပြည်၏ ပထမဆုံး အရပ်သားအစိုးရသည် စစ်တပ်အပေါ်တွင် တကယ့် အာဏာ မရှိသည်မှာ အငြင်းပွားဖွယ် မရှိဟု လေ့လာသုံးသပ်သူများက ဆိုသည်။ သူမ၏ နိုင်ငံရေးမူဝါဒများအစား ဒေါ်အောင်ဆန်းစုကြည်သည် စစ်တပ်၏ ဗျုဟာများကို ကာကွယ်နေပြီး လူ့ အခွင့်အရေး ချိုးဖောက်သည်ဆိုသည့် အချက်များကို ငြင်းဆိုထားသည်။

နောက်ထပ် စိုးရိမ်စရာ တစ်ခုမှာ အကျဉ်းကျခံသူများအပေါ် ပြုကျင့်ရမည့် အပြည်ပြည်ဆိုင်ရာ လူ့ ခွင့်အရေး ဥပဒေများကို မြန်မာစစ်တပ်က လေ့လာနေသည်ဟု အစိုးရက ပြောကြားသည့်အချက် ဖြစ်သည်။ သမ္မတဦးသိန်းစိန် လက်ထက်က အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ ICRC ကို အကျဉ်းသားများကို သွားရောက် ကြည့်ရှုခွင့်ပေးသည့် ကတိက၀တ်ကို အစိုးရသစ်ကလည်း လိုက်နာရမည် ဖြစ်သည်။

အောက်တိုဘာလ ၉ ရက်နေ့က ရဲစခန်းများကိုတိုက်ခိုက်မှု ပြီးကတည်းက မွတ်ဆလင်အမျိုးသား ၆၀၀ ခန့် အဖမ်းခံခဲ့ရသည်။ တချို့ကပြန်လွတ်ပြီး မေးမြန်းနှိပ်စက်မှု အောက်တွင် ခြောက်ဦးသေဆုံးခဲ့သည်ဟု အစိုးရ၏ ထုတ်ပြန်ချက်များအရ သိရသည်။

ICRC က ယခုအချိန်ထိ တရားဝင် ဖော်ထုတ်ပြောဆိုခြင်း မရှိသေးသော်လည်း သံအမတ်များနှင့် လေ့လာသူများ၏ ပြောကြားချက်အရ သူတို့ ဒီဇင်ဘာ ၁၆ ရက်နေ့တွင် အစိုးရကို တောင်းခံထားသည့် အကျဉ်းသားများကို တွေ့ခွင့်မှာ ယခုထိ ခွင့်ပြု ချက် မရသေးဟု ဆိုသည်။

စိုင်းဟန်
The Ladies News
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.