လာမယ့်နှစ်ဆန်းမှာ ငလျင်ဒဏ်ခံ ခဲ့ရတဲ့ ပုဂံဘုရားတွေကို အကြီးစားပြုပြင်မှု စတင်မည်

ငလျင်ကြောင့် ပျက်စီးသွားတဲ့ ပုဂံဒေသက ဘုရားပုထိုးတော်တစ်ဆူကို တွေ့ရစဉ် ...


ငလျင်ကြောင့် ပျက်စီးသွားတဲ့ ပုဂံဒေသက ဘုရားပုထိုးတော်တစ်ဆူကို တွေ့ရစဉ်
ငလျင်ကြောင့် ပျက်စီးသွားတဲ့ ပုဂံဒေသက ဘုရားပုထိုးတော်တစ်ဆူကို တွေ့ရစဉ်
Photo: Myo Zaw Ko/RFA

ငလျင်ဒဏ်ကြောင့် ပျက်စီးသွားတဲ့ ပုဂံဘုရားတွေထဲက အကြီးစားပြုပြင်ဖို့ လိုအပ်တဲ့ဘုရားတွေကို လာမယ့်နှစ် ဇန်န၀ါရီလမှာ စတင်ပြုပြင်သွားမယ်လို့ အမျိုးသားစာကြည့်တိုက်၊ ပြတိုက်နဲ့ ရှေးဟောင်းသုတေသနဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင် က ပြောပါတယ်။

ယူနက်စကိုက ပညာရှင်တွေနဲ့ ပူးပေါင်းပြီး ပုဂံစေတီဘုရားတွေထဲက အကြီးစားပြုပြင်ဖို့ လိုအပ်တဲ့ စေတီ ၁၀ ဆူကို ပထမဦးစားပေးအနေနဲ့ ပြုပြင်သွားမှာဖြစ်တယ်လို့ ဦးသိန်းလွင် က ပြောပါတယ်။

"ဇန်န၀ါရီလ ၁ ရက်နေ့ ၂၀၁၇ ခုနှစ်မှာ ဘုရားတွေ စပြင်မယ်လို့ ခန့်မှန်းထားပါတယ်။ အဲ့ဒီအတွက် ပညာရှင်တွေ နဲ့ ဘယ်လိုပြုပြင်မယ်။ ပညာရှင်တွေနဲ့ ဘယ်လိုတွေလုပ်မယ်၊ ဘယ်လိုပစ္စည်းမျိုးတွေ သုံးပြုပြီးတော့ပြင်မယ် ၊ နောက်နည်းပညာအသစ်တွေကို ဘယ်လိုအသုံးပြုပြီးပြင်မယ်၊ ဒါမျိုးတွေ ပညာရှင်တွေနဲ့ တိုင်ပင်ထားတာရှိ တယ်။ အဲ့အတိုင်းပဲ ကျွန်တော်တို့လုပ်မယ်။ အခုလည်းလုပ်နေပါပြီ ခဲ၊ သဲ ရှင်းတာတွေ အရေးပေါ်ပြုပြင် တာတွေတော့ လုပ်နေပါပြီ။ ၂၀၁၇မှာတော့ တကယ့်အကြီးစား ပြုပြင်မှုတွေလုပ်မှာပါ။"

ပထမဦးစားပေးပြုပြင်မယ့် စေတီထဲမှာ စူဠာမဏိစေတီ၊ သဗ္ဗေညု၊ လောကနန္ဒာနဲ့ တရုတ်ပြေးဘုရား စတာတွေ ပါဝင်ပါတယ်။

ဇန်န၀ါရီလဆန်းကစပြီး ပထမဦးစားပေး ၁၀ ဆူ၊ ဒုတိယဦးစားပေး ၁၀ ဆူနဲ့ တတိယဦးစားပေး ၁၀ ဆူ ခွဲခြားပြီး ပြုပြင်သွားမှာဖြစ်ပါတယ်။ အသေးစားပျက်စီးမှုရှိတဲ့ စေတီပုထိုးတွေကိုလည်း စတင်ပြုပြင်နေပြီလို့ သိရပါတယ်။

ပုဂံဘုရားတွေပေါ်မှာ မင်္ဂလာပွဲအကြို ဓာတ်ပုံရိုက်တာတွေ၊ အ၀တ်အစား ဆင်ယင်မှုတွေနဲ့ ပတ်သက်ပြီး စည်းကမ်းတင်းကြပ်သွားဖို့လည်း စီစဉ်နေပါတယ်။
RFA

COMMENTS

Name

art,1,article,1278,cartoon variety,21,crime,50,culture,1,documentary,7,Entertainment,4,health,27,history,1,international,6395,interview,206,Live,8,LocalNews,14060,news,2842,opinion,749,photos,202,poem,114,satires,38,song,12,speech,11,sports,126,statement,58,technic,42,translate,32,video,1057,voice,74,
ltr
item
dawnmanhon: လာမယ့်နှစ်ဆန်းမှာ ငလျင်ဒဏ်ခံ ခဲ့ရတဲ့ ပုဂံဘုရားတွေကို အကြီးစားပြုပြင်မှု စတင်မည်
လာမယ့်နှစ်ဆန်းမှာ ငလျင်ဒဏ်ခံ ခဲ့ရတဲ့ ပုဂံဘုရားတွေကို အကြီးစားပြုပြင်မှု စတင်မည်
http://www.rfa.org/burmese/news/bagan-earthquake-08252016231742.html/bagan-earthquake-620.jpg/image
dawnmanhon
http://www.dawnmanhon.com/2016/12/blog-post_454.html
http://www.dawnmanhon.com/
http://www.dawnmanhon.com/
http://www.dawnmanhon.com/2016/12/blog-post_454.html
true
4976479704313592870
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share. STEP 2: Click the link you shared to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy