ဒေါ်လာဈေးနှုန်းကျဆင်း



ရန်ကုန်မြို့တွင်းက ရွှေဆိုင်များ အရောင်းအ၀ယ်ပုံမှန်ပြန်ဖြစ်နေ
လက်ရှိမှာဒေါ်လာငွေကြေးလဲလှယ်နှုန်းကအနည်းငယ်ကျဆင်းနေတာကြောင့် ပြည်တွင်းရွှေဈေးလည်း လိုက်ပါကျဆင်းလာပြီး ရန်ကုန်မြို့တွင်းကရွှေဆိုင်တွေအနေနဲ့အရောင်းအ၀ယ်ပုံမှန်ပြန်ဖြစ်လာပြီဖြစ်တယ်လို့ ရွှေဆိုင်လုပ်ငန်းရှင်တွေရဲ့ ပြောပြချက်အရသိရပါတယ်။

 ဒေါ်လာငွေကြေးလဲလှယ်နှုန်းထား ဟာ ဒီဇင်ဘာလတတိယပတ်အတွင်းမှာ တစ်ဒေါ်လာကို (၁၄၃၀)ကျပ်ဝန်းကျင်အထိစံတင်ချိန်မြင့်တက်ခဲ့တဲ့အချိန်မှာ ပြည်တွင်းရွှေဈေးနှုန်းက ကျပ်(၈၇၀၀၀၀)၀န်းကျင်အထိဖြစ်ခဲ့တယ်လို့သိရပါတယ်။ ရွှေဈေးနှုန်းကို ကာလတို သုံးသပ်မယ်ဆိုရင် ရွှေဈေးနှုန်းပြန်လည်တက်ဖို့မရှိသလို အများကြီးကျဆင်းဖို့အထိလည်းမရှိဘူးလို့ မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်း တွဲဖက်အတွင်းရေးမှူး(၄) ဦးအုန်းမြိုင်က သုံးသပ်ပြောကြားပါတယ်။

တောင်သူလယ်သမားတွေရဲ့ စပါးပေါ်ချိန်နဲ့ ကောက်ပဲသီးနှံရိတ်သိမ်းချိန်ဖြစ်တဲ့ ပွင့်လင်းရာသီမှာ ရွှေဆိုင်တွေအနေနဲ့ အရောင်းအ၀ယ်ကောင်းမယ့်ကာလဖြစ်တယ်လို့ သိရပါတယ်။ စပါးပေါ်ချိန်မှာ ဒေါ်လာဈေးနှုန်းကျဆင်းလေ့ရှိပြီး ပြည်တွင်းရွှေဈေးပါ ကျဆင်းမယ်ဆိုရင် အရောင်းအ၀ယ် အခြေအနေပိုကောင်းနိုင်တယ်လို့ တိတ်စိန်ရွှေဆိုင်က ဦးဇော်အောင်ကပြောပါတယ်။

ပြည်တွင်းရွှေဈေးဟာ ဒေါ်လာဈေးပေါ်မူတည်နေပြီး အခုလက်ရှိမှာကားပါမစ်ပိတ်လိုက်တဲ့အတွက် ဒေါ်လာဈေးပြန်တက်ဖို့မမြင်သေးတာကြောင့် ပြည်တွင်းရွှေဈေးနှုန်းလည်းတက်ဖို့ မဖြစ်နိုင်သေးဘူး လို့ဦးဇော်အောင်ကသုံးသပ်ပြောကြားပါတယ်။

 ဒီဇင်ဘာ(၂၅)ရက်ရဲ့ ပြည်တွင်းရွှေဈေးကတော့ (၁၆)ပဲရည်တစ်ကျပ်သားကို (၈)သိန်း (၄)သောင်းကျပ်ဝန်းကျင်ဖြစ်ကာ ဒေါ်လာဈေးနှုန်းကတော့ အမေရိကန်တစ်ဒေါ်လာကို(၁၃၆၅)ကျပ် ၀န်းကျင်ဖြစ်တယ်လို့သိရပါတယ်။ ဒီသတင်းကို Central News Bureau က နှင်းယုခိုင် ပေးပို့တာဖြစ်ပါတယ်။

Central News Bureau
https://www.facebook.com/skynetcnb
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.