"ဒုတိယအကျော့မှာ ဂိုးပြတ်ရှုံးလို့ မြန်မာတို့ ဆီမီးကထွက်ခဲ့ရ"


ထိုင်း ၄-၀ မြန်မာ"
(နှစ်ကျော့ပေါင် ၆-၀ဂိုးနဲ့ ထိုင်းတက်)

အာဆီယံ ချန်ပီယံရှစ်ပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ် ဒုတိယအကျော့ကို ဒီကနေ့မှာ ထိုင်း နိုင်ငံမှာ ကျင်းပခဲ့ပါတယ်။ ပထမအကျော့တုန်းက ၂ဂိုးပြတ်နဲ့နိုင်ခဲ့တဲ့ ထိုင်း ဟာ ဒီပွဲမှာ ဂိုးပြတ်သွင်းလို့ ဖိုင်နယ်ကို တက်နိုင်ခဲ့ပါတယ်။ မြန်မာအသင်းက ဒီပွဲမှာ ပထမပွဲတုန်းကထက် ခြေစွမ်းပိုကောင်းခဲ့ပေမယ့် ကိုယ်ရတဲ့ အခွင့်အရေး တွေကို အသုံးမချနိုင်ခဲ့လို့ ရှုံးခဲ့တာပါ။ ထိုင်းက နည်းစနစ်ပိုင်း ကောင်းကောင်းနဲ့ ကစားခဲ့ပြီး ဂိုးရဖို့ကြိုးစားခဲ့ပါတယ်။ မြန်မာကတော့ ပထမပွဲ တုန်းက မတွေ့ခဲ့ရတဲ့ ခြေစွမ်းမျိုး ဒီပွဲမှာ ရခဲ့ပေမယ့် ခံစစ်ပိုင်းအားနည်းမှုကြောင့် ရှုံးခဲ့တာဖြစ်ပါတယ်။

ထိုင်းက ပထမပိုင်းမှာ ၁ဂိုးတည်းနဲ့ ဦးဆောင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာ တန်ပြန်တိုက်စစ်တွေကနေ ဂိုးတွေဆက်တိုက်သွင်းပြီး ဂိုးပြတ် နိုင်ခဲ့တာပါ။ မြန်မာဖက်က သန်းပိုင်ကန်သွင်းချက် တိုင်ထိထွက်ခဲ့သလို အခြားအခွင့်အရေးတွေလည်း အသုံးမချနိုင်လို့ ထိုင်းက နှစ်ကျော့ပေါင်း (၆-၀) ဂိုးပြတ်သွင်းပြီး ဖိုင်နယ်တက်သွားခဲ့တာပါ။

မနေ့ပွဲမှာတော့ တစ်ယောက်လျော့ဗီယက်န်က အင်ဒိုနီးရှားနဲ့ အကြိတ်အနယ် ကစားပြီးမှ အချိန်ပိုရောက်မှ ရှုံးခဲ့ပါတယ်။ ပွဲချိန်အတွင်း ဗီယက်နမ်က ၂ဂိုး-၁ဂိုးနဲ့နိုင်ပြီးမှာ အင်ဒိုနီးရှားက အချိန်ပိုမှာ ပင်နယ်တီရလို့ ၂ဂိုးစီသရေကျ သွားခဲ့တာပါ။ ဒါကြောင့် ဖိုင်နယ်မှာ ထိုင်းနဲ့ အင်ဒိုနီးရှားတို့ ဆုံတွေ့ကြ မှာဖြစ်ပါတယ်။
BBC Burmese


Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.