မလေးရှားက ရေယာဉ်ကိစ္စဟာ တိုင်းပြည်ကို စော်ကားတာ လို့ ပြော

ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ ကို ဒီဇင်ဘာလ ၃ဝ ရက်နေ့က တွေ့ရစဉ် ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ ကို ဒီဇင်ဘာလ ၃ဝ ရက်နေ့က တွေ့ရစဉ်
Photo: Win Ko Ko Latt/RFA
မလေးရှားနိုင်ငံ အစ္စလာမ်မစ်အဖွဲ့အစည်းများ အတိုင်ပင်ခံကောင်စီရဲ့ ထောက်ပံ့ရေးရေယာဉ်တွေ ရခိုင်ဒေသ ကို စေလွှတ်မယ်ဆိုတာဟာ မြန်မာနိုင်ငံကို စော်ကားတာဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ် ကြီး ကျော်ဆွေ က ပြောပါတယ်။

နေပြည်တော်က ပြည်ထဲရေးဝန်ကြီးဌာနမှာကျင်းပတဲ့ လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဗဟိုအဖွဲ့အစည်း အဝေးအပြီးမှာ သတင်းထောက်တွေကို ပြောတာဖြစ်ပါတယ်။

"ဘယ်လက်ခံလို့ရမလဲ ဒီဟာကတော့ အဓိပ္ပာယ်မရှိဘူးလေကွာ၊ တို့က နိုင်ငံတော်အစိုးရ ချင်းလာယူရ မှာလေ၊ ရခိုင်ပြည်နယ် တိုက်ရိုက်ဝင်သွားလို့ ဘယ်ရမလဲ၊ ဒီဟာကတော့ လက်ခံစရာအကြောင်းတစ်ခု မှရှိဘူး၊ လက်လည်းမခံဘူး၊ လာချင်ရင် တရားဝင်နိုင်ငံခြားရေးဝန်ကြီးဌာနကတဆင့် လာပါ့မယ်၊ ဗဟိုအစိုးရကိုပဲ လာသတင်းပို့ရမယ်၊ ဘယ်ပြည်နယ်အစိုးရသွားပို့ ဘယ်လက်ခံလို့ရမလဲ၊ ဒါကတော့ တို့နိုင်ငံကိုစော်ကားတာ၊ လက်မခံဘူး ဆော်ရီး ဒါမျိုးလက်မခံဘူး"

ရခိုင်ပြည်နယ်ကိုထောက်ပံ့ဖို့ မလေးရှားနိုင်ငံ အစ္စလာမ်မစ်အဖွဲ့အစည်းများ အတိုင်ပင်ခံကောင်စီက ဦးဆောင် တဲ့အဖွဲ့က ဦးဆောင်တဲ့ ရေယာဉ်တွေဟာ သူတို့သဘောနဲ့ သူတို့ ဇန်န၀ါရီလ ၁၀ ရက်မှာ မလေးရှား ကနေ မြန်မာနိုင်ငံကို ထွက်ခွာမယ်လို့ မလေးရှားအခြေစိုက် စတားအွန်လိုင်းမှာ ယခုလ ၂၇ ရက်က ဖော်ပြ ထားပါတယ်။

အကူအညီတွေပေးပို့ခွင့်ရမှု၊ မြန်မာ့ရေပိုင်နက်အတွင်းက ပြန်လည်မောင်းထုတ်ခံရတာနဲ့ မြန်မာ့လုံခြုံရေးတပ်ဖွဲ့တွေ က တားဆီးတာ စတဲ့ အခြေအနေ ၃ မျိုးအနက် တမျိုးမျိုးနဲ့ ရင်ဆိုင်ရမယ်လို့ အဲဒီအဖွဲ့ အတွင်းရေးမှူးချုပ်က ပြော ထားပါတယ်။
RFA
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.