မုံးကုံးဒေသက ခရစ်ယာန်ဓမ္မဆရာ ၂ဦး ပျောက်ဆုံးနေ


အခုလို ပျောက်နေတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး မုံးကိုးဒေသ အစိုးရ စစ်တပ်ရဲ့ တပ်ရင်းမှူးက သူတို့လဲ မသိကြောင်း ပြန်ပြောခဲ့

ရှမ်းပြည်နယ် မုံးကိုးဒေသက သင်းထောက်ဆရာ ဦးဒွမ်ဒေါ့နောင်လတ်နဲ့ ဓမ္မဆရာ ဦးလန်ဂျော်ဂမ်ဆိုင်း တို့ ဒီဇင်ဘာလ ၂၄ရက်နေ့ ညကတည်းက ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။

အခုလို ပျောက်ဆုံးနေသူ ၂ဦးဟာ မုံးကိုးဒေသက အစိုးရစစ်တပ်က ဖမ်းဆီးသွားသူတဦးကို ပြန်လွှတ်ပေးဖို့ ကိစ္စအကြောင်း ပြောဆိုကာ ထွက်သွားကြ ပြီးတဲ့နောက်ပိုင်း ပျောက်သွားတာ ဖြစ်တယ်လို့ မုံးကိုးမြို့က ခရစ်ယာန် ဓမ္မဆရာတဦးက ဘီဘီစီကို ပြောပါတယ်။

အဲဒီအဖမ်းခံရသူဟာ ပြီးခဲ့တဲ့ မုန်းကိုးဒေသ တိုက်ပွဲဖြစ်စဉ်တွေမှာ အစိုးရစစ်တပ် ဖမ်းဆီးတာ ခံခဲ့ရပြီး ပြန်လွတ်လာတဲ့သူ ဖြစ်တယ်လို့လည်း အဲဒီဓမ္မဆရာက ပြောပါတယ်။

မုံးကိုးဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ အစိုးရစစ်တပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် ဒေသတွင်း ပျက်စီးဆုံရှုံးမှုရှိတဲ့ နေရာတွေကို ပျောက်သွားတဲ့သူ နှစ်ယောက်က လိုက်ပြ ပေးခဲ့ဖူးပါတယ်။

အဲဒီလို လိုက်ပြပေးခဲ့ဖူးတဲ့အတွက် အဖမ်းခံခဲ့ရလို့ အခု ပျောက်ဆုံးသွားတာဆိုတဲ့ ပြောဆိုမှုတွေလည်း ရှိနေပါတယ်။

အခုလို ပျောက်နေတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး မုံးကိုးဒေသ အစိုးရ စစ်တပ်ရဲ့ တပ်ရင်းမှူးက သူတို့လဲ မသိကြောင်း ပြန်ပြောခဲ့တယ်လို့ သိရပါတယ်။

မုန်းကိုးဒေသမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလကစပြီး တိုက်ပွဲဖြစ်ပွားမှုတွေ ရှိခဲ့ပြီး ဘေးလွတ်ရာ ထွက်ပြေးခဲ့ရပေမယ့် အခုအချိန်မှာတော့ မုန်းကိုးမြို့ခံအများစု ပြန်ရောက်လာကြပြီလို့ သိရပါတယ်။
BBC Burmese
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.