လွန်ခဲ့သောလက ဘရာဇီးဘောလုံးကလပ်တစ်သင်းလုံးနီးပါး သေဆုံးခဲ့ရသော ကိုလံဘီယာနိုင်ငံရှိလေယာဉ် ပျက်ကျမှုတွင် အသက်ရှင်ကျန်ရစ်ခဲ့သော ဘရာဇီးဘောလုံးသမားက သူဟာလေယာဉ်ပျက်မကျခင်လေးတွင် သူ၏ အသင်းဖော်ကသူ့ဘေးနားတွင် လာထိုင်ရန်တိုက်တွန်းခဲ့သောကြောင့် နေရာပြောင်းထိုင်ဖြစ်ခဲ့သည်ဟု ပြောခဲ့ပါသည်။
ရှာပါကွင်းစ်ကစားသမား အလန်ရူစကယ်လ် က သူဟာလေယာဉ်ရဲ့နောက်ဘက်ခြမ်း မှာ ထိုင်နေခဲ့ပေမယ့် အရှေ့ဘက်သို့ပြောင်းထိုင်ခဲ့ကြောင်း သတင်းထောက်များအား ပြောခဲ့ပါသည်။ မစ္စတာရူစကယ်လ်ဟာ သူ့ရဲ့ ကျောကုန်းဒဏ်ရာမှ သက်သာလာပြီး ဘောလုံးထပ်မံကစားနိုင်ဖို့ မျှော်လင့်နေပါသည်။ မတော်တဆဖြစ်ရပ်ကို တော့ သူမမှတ်မိတော့ဘူးလို့ ပြောခဲ့ပါသည်။
သူဟာ သေဆုံးခဲ့သောကစားသမားများ၏ မိသားစုဝင်များထံသို့ သွားရောက်လည်ပတ်မည့်အကြောင်း ကတိပေး ခဲ့ပါသည်။ Medellin မြို့အနီးရှိ တောင်တန်းများပေါ်တွင် ဖြစ်ပွားခဲ့သော လေယာဉ်ပျက်ကျမှုတွင် လူ၆ဦးသာ အသက်ရှင်ကျန်ရစ်ပြီး လေယာဉ်ပေါ်ရှိအခြား ၇၁ဦးမှာ သေဆုံးခဲ့ပါသည်။
မစ္စတာရူစကယ်လ်အား သူ၏ ဘေးနားသို့လာထိုင်ရန် တိုက်တွန်းခဲ့သော ဂိုးသမား ဂျက်ဆန်ဖော်လ်မန်းဟာလည်း အသက်ရှင်ကျန်ရစ်ခဲ့ပါသည်။ စင်းလုံးငှားလေယာဉ်ကို လောင်စာဆီထပ်မံဖြည့်သွင်းခြင်း မရှိဘဲ ခရီးအဝေးကြီး သို့ပျံသန်းခဲ့သည့် လေယာဉ်မှူးကတော့ တရားစွဲဆိုခံထားရပါသည်။
Ref: BBC
Mizzima - News in Burmese
COMMENTS