နိုင်ဂျီးရီးယားမှာ အငတ်ဘေးဆိုက်ဖို့ နီးလာ



ပြီးခဲ့တဲ့ အပတ်တွေထဲက စားစရာမရခဲ့တဲ့ အယ်လဘီနို အရေပြားရောဂါဖြစ်နေတဲ့ ကလေးငယ်တဦး
နိုင်ဂျီးရီးယားနိုင်ငံမှာ ဘိုကို ဟာရမ် သူပုန်တွေရဲ့ ပုန်ကန်မှုတွေကြောင့် လူပေါင်း တသိန်းလောက် အငတ်ဘေးဆိုက်ပြီး သေဆုံးမယ့် အန္တရာယ်ရှိနေတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

ဒီနိုင်ငံအတွင်းက ဘော်နို ပြည်နယ်ကို ရောက်ခဲ့တဲ့ ဘီဘီစီ သတင်းထောက် ပက်ထရစ် ကင်စလေက

"အဖြစ်လုပ်ထားတဲ့ ရွက်ဖျင်တဲ ဆေးရုံတွေထဲမှာ အရိုးပြိုင်းပြိုင်း ဖြစ်နေတဲ့ ကလေးတွေကို ရာနဲ့ချီပြီး ကျနော်တွေ့ခဲ့တာခင်ဗျ။

သူတို့ စားစရာ မရတာလဲ ရက်တွေတော်တော် ကြာနေပြီဆိုတော့ အငတ်ဘေးဆိုက်လုနီးပါး အခြေအနေပါပဲ"လို့ မှတ်ချက်ပေးခဲ့ပါတယ်။

နိုင်ဂျီးယီးယား စစ်တပ်ဟာ သူပုန်သိမ်းထားတဲ့ နယ်မြေအများစုကို ပြန်သိမ်းနိုင်ခဲ့ပေမယ့် လုံခြုံမှုမရှိသေးတဲ့အတွက် အရပ်သားတွေ လယ်လုပ်လို့ မရသေးဘူးလို့လည်း ကုလသမဂ္ဂက ပြောပါတယ်။

လောလောဆယ်မှာ နိုင်ဂျီးရီးယား လူဦးရေ ၇သန်းလောက် လူသားချင်း စာနာမှုဆိုင်ရာ အကူအညီတွေ လိုအပ်နေပါတယ်။

ဒီအခြေအနေတွေကို အာဖရိကတိုက်ရဲ့ အကြီးဆုံး အကြပ်အတည်းအဖြစ် ကုလသမဂ္ဂက ညွှန်းဆိုထားပြီး အလှူငွေ ဒေါ်လာ တဘီလီယံလောက် လိုအပ်နေတယ်လို့ မေတ္တာရပ်ခံထားပါတယ်။
BBC Burmese
http://www.bbc.com/burmese
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.