ဝန်ကြီးများလာဘ်မစားခြင်း စိတ်အကျေနပ်ဆုံးဖြစ်သော်လည်း အရာရှိငယ်အချို့ ဖြစ်စေချင်သကဲ့သို့မဖြစ်သေးကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြောကြား


စီအင်န်အေနှင့် သီသန့်အင်တာဗျူးနေစဉ်

အစိုးရသစ်တက်ပြီး နောက် စိတ်အကျေနပ်ဆုံးရလဒ် တစ်ခုမှာ ဝန်ကြီးများလာဘ်မစား ကြသည့်အချက်ဖြစ်သော်လည်း အရာရှိငယ်အချို့မှာ ဖြစ်စေချင် သကဲ့သို့မဖြစ်သေးကြောင်း ဒေါ် အောင်ဆန်းစုကြည်က စင်ကာပူ သတင်းဌာန CNA နှင့် သီးသန့် အင်တာဗျူး၌ ဖြေကြားခဲ့သည်။

ဒီဇင်ဘာ ၂ ရက်က ထုတ်လွှင့်ခဲ့သော အင်တာဗျူးပထမပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်ကို ၎င်း၏အစိုးရအဖွဲ့တက်လာပြီး ကိုးလအတွင်း စိတ်အကျေနပ်ဆုံး အရာနှင့်ပတ်သက်၍ မေးမြန်း ခဲ့ရာ စိတ်ကျေနပ်မိသည့် ရလဒ်တစ်ခုမှာ ‘‘ဝန်ကြီးတွေက လာဘ်မစားကြတဲ့ အချက်ပါပဲ’’ ဟု နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က ဖြေကြားသည်။

သို့သော်လည်း ‘‘အရာရှိငယ် တချို့ကတော့ ကျွန်မတို့ဖြစ်စေ ချင်သလို သိပ်မဖြစ်သေးပါဘူး’’ ဟု ဒေါ်အောင်ဆန်းစုကြည်က အလေးအနက်ပြောသည်။

ဒီဇင်ဘာ ၁ ရက်က စင်ကာပူအကျင့်ပျက်ခြစားမှု စုံစမ်းစစ် ဆေးရေးဗျူရိုသို့ သွားရောက်လေ့ လာခဲ့သော ဒေါ်အောင်ဆန်းစုကြည်က မြန်မာ နိုင်ငံတွင်လည်း ပြောင်းလဲတိုး တက်နိုင်ကြောင်း မျှော်လင့်ချက် ကို ထုတ်ဖော်ပြသခဲ့သည်။

‘‘ရှင်တို့ရဲ့ လာဘ်ပေးလာဘ် ယူခြစားမှုစုံစမ်းစစ်ဆေးရေးဗျူရို ကို ကျွန်မသွားတော့ သူတို့က စာ ရွက်ပိုင်းလေးတစ်ပိုင်း ကျွန်မကို ပေးလိုက်တယ်။ အဲဒီစာရွက်ထဲ မှာ ပြောထားတဲ့ဟာတွေထဲက တစ်ခုက ဘာလဲဆိုတော့ ခြစားမှု ဟာ ဘဝမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အချက်တစ်ချက်ပါ။ ဒါပေမဲ့ အမြဲတမ်းကျင့်သုံးရမယ့် ဘဝနေ နည်းမဟုတ်ပါဘူးတဲ့။ အဲဒါလေး ကို ကျွန်မ အင်မတန်မှကို သဘော ကျတယ်။ ဘာဖြစ်လို့လဲဆိုတော့အဲဒါဟာ ကျွန်မတို့နိုင်ငံမှာ ဖြစ်နေ တဲ့ ပုံမို့လို့ပဲ။ အဲဒါဟာ ဘဝမှာဖြစ် လေ့ဖြစ်ထရှိတဲ့အချက်တစ်ချက် ဆိုတာကို လူတွေက အသိအမှတ် ပြုကြပေမယ့်လည်း အမြဲကျင့်သုံး မယ့် ဘဝနေနည်းအဖြစ်တော့ လူ တွေက လက်မခံခဲ့ကြပါဘူး။ ဆို လိုတာက ခြစားမှုအလေ့အထ ဟာ ကျွန်မတို့ရဲ့ယဉ်ကျေးမှုမှာ အရိုးမစွဲသေးပါဘူး။ အဲဒါဟာ အင်မတန်မှကို စိတ်အားတက်စ ရာကောင်းပါတယ်’’ဟု ဒေါ် အောင်ဆန်းစုကြည်က ပြောကြား သည်။

နိုင်ငံတကာပွင့်လင်းမြင်သာ မှုအဖွဲ့အစည်းကြီး(TI)၏၂၀၁၅ စစ်တမ်းအရ ကမ္ဘာ့နိုင်ငံပေါင်း ၁၈၆ နိုင်ငံတွင် မြန်မာက အဆင့် (၁၄၇)ချိတ်၍ ခြစားမှုအဆိုးရွား ဆုံးနိုင်ငံစာရင်းဝင်နေကာ စင်ကာ ပူက အဆင့်(၈)နေရာချိတ်၍ ခြ စားမှုအနည်းဆုံးနိုင်ငံစာရင်းဝင် ဖြစ်နေသည်။

စင်ကာပူရောက် မြန်မာများ နှင့် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်တို့ ဒီဇင်ဘာ ၂ ရက်တွေ့ ဆုံပွဲတွင် မြန်မာတစ်ဦးက အစိုးရ အဖွဲ့ အုပ်ချုပ်ရေးယန္တရား အား နည်းနေခြင်းနှင့်ပတ်သက်၍ ဝန် ထမ်းအကြီးအကဲများ၏မပြောင်း လဲသေးသော လာဘ်ပေးလာဘ် ယူခြင်း၊ တာဝန်မယူခြင်း၊ တာဝန် မခံခြင်းတို့ကို အရေးယူပေးရန် ပြည်သူများက မျှော်လင့်နေ ကြောင်း၊ အထူးသဖြင့် အငြိမ်းစား ပေး၊ အပြစ်ပေး၊ အနားပေးအစီအ စဉ်ကို မည်သည့်နေ့တွင် ဆောင် ရွက်မည်ကို သိရှိလိုကြောင်း မေး မြန်းခဲ့သည်။

‘‘ပထမအားဖြင့် ကိုယ်ကိုယ် တိုင်က လာဘ်ပေးလာဘ်ယူမ လုပ်ရဘူး။ အကယ်၍ လုပ်လို့ ရှိရင်လည်း သတ္တိရှိရှိနဲ့ ပွင့်ပွင့် လင်းလင်းနဲ့ တင်ပြပါ။ ဒီလိုတော့ ကျွန်တော်၊ ကျွန်မလုပ်မိပါတယ်။ ဒီလိုလုပ်ရတဲ့အကြောင်းရင်းက လည်း ဒီဝန်ထမ်းက ဘယ်လို ဘယ်လိုလုပ်လို့ပါ ဆိုပြီးတော့ ဒီလို ပြောရဲတဲ့သတ္တိကတော့ ရှိရ မယ်’’ဟု ဒေါ်အောင်ဆန်းစုကြည် က ဆိုသည်။

ဖြုတ်ထုတ်သတ်ဝါသနာမ ပါ၍ လူတိုင်းကို ပြုပြင်နိုင်ခွင့် အခွင့်အရေးပေးမည်ဟု ၎င်းက ပြန် လည်ဖြေကြားခဲ့သည်။

‘‘အခွင့်အရေး ကျွန်မတို့ပေး မယ်။ ပြုပြင်ပိုင်ခွင့်ပေးရမယ်။ နောက်ပြီးတော့ တရားဥပဒေရဲ့ မူအရဆိုလို့ရှိရင် လူတစ်ယောက် ဟာ အပြစ်ရှိတယ်ဆိုတာ ခိုင်လုံ တဲ့သက်သေသာဓက မရှိသရွေ့ အပြစ်မရှိဘူးလို့ သတ်မှတ်ရမယ်။ဒါကတော့ တရားဥပဒေအရပေါ့။ နောက်တစ်ဆင့်သွားမယ်ဆိုလို့ရှိ ရင် အပြစ်ရှိတဲ့လူကိုတောင်မှ ပြု ပြင်ပိုင်ခွင့်တော့ ပေးရမယ်။ ဒါ ကျွန်မတို့အချင်းချင်းတွေပဲ’’ဟု ဒေါ်အောင်ဆန်းစုကြည်က ပြော သည်။

ဆက်လက်ပြီး ၎င်းက ‘‘အာ ဃာတကို ရှေ့ထားပြီးတော့ အ လုပ်မလုပ်ပါဘူး။ စည်းမျဉ်းစည်း ကမ်းဥပဒေအရ ကျွန်မတို့လုပ်ပါ မယ်။ တတ်နိုင်သလောက် ကျွန်မ တို့ ဥပဒေဘောင်အတွင်းကနေ အခွင့်အရေးတွေ ပေးမယ်။ ခွင့် လွှတ်သင့်တာကို ခွင့်လွှတ်မယ်။ ဒါပေမဲ့ အတိုင်းအတာမဲ့တော့ မ ဟုတ်ပါဘူး။ စည်းဆိုတာတော့ ရှိတာပဲ။ စည်းဘောင်တစ်ခုကျော် သွားလို့ ရှိလို့ရှိရင်တော့ ဥပဒေ စည်းမျဉ်းစည်းကမ်းအရ အရေးယူပါမယ်လို့ ကျွန်မပြောပါရစေ’’ဟု ပြောကြားသည်။
7Day News Journal
http://www.7daydaily.com/story/82522
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.