လုပ်ပိုင်ခွင့်အာဏာကို ဝန်ကြီးချုပ်ထံ ပက်ဂွန်ဟေး လွှဲပြောင်းပေးအပ်၊ ပြည်သူများအား တောင်းပန်


တောင်ကိုရီးယားသမ္မတ ပက်ဂွန်ဟေးရဲ့ "ကိုးရီးယားရပ်ပြူတင်" အရှုပ်တော်ပုံ စွပ်စွဲပြစ်တင်ရေး အဆိုကို ဒီဇင်ဘာလ ၉ ရက်က လွှတ်တော်မှာ မဲခွဲဆုံးဖြတ်မှု အောင်မြင်ခဲ့ပြီးနောက် သူမအနေဖြင့် လုပ်ပိုင်ခွင့်အာဏာများ အားလုံးကို ဝန်ကြီးချုပ်ထံ သောကြာနေ့က လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ သိရှိရပါတယ်။

"ခုလိုဖြစ်ရတဲ့အတွက် တောင်ကိုရီးယားပြည်သူတွေအားလုံးကို ကျွန်မတောင်းပန်ချင်ပါတယ်၊ ကျွန်မ သတိမထားမိတဲ့အရာတွေကြောင့် ခုလိုမျိုး မတည်မငြိမ်မှုတွေ ကျွန်မဖန်တီးမိခဲ့ပါတယ်"လို့ ပက်ဂွန်ဟေးက ရုပ်သံမှတဆင့် သောကြာနေ့က ပြောကြားသွားခဲ့ပါတယ်။

လွှတ်တော်ထဲမှာ သမ္မတအား အကျင့်ပျက်ခြစားမှုဖြင့် စွဲချက်တင်ရေး အဆိုအား မဲခွဲရာမှာ ထောက်ခံမဲ ၂၃၄ မဲနဲ့ ကန့်ကွက်မဲ ၅၆ မဲ ရရှိမှုနှင့်အတူ လုပ်ပိုင်ခွင့်အာဏာများကို ဝန်ကြီးချုပ်က ယာယီတာဝန်ယူဖို့ သဘောတူညီခဲ့ပါတယ်။

ပက်အပေါ် စွဲချက်များကို စစ်ဆေးကြားနာမယ့်ကာလမှာ အများဆုံး ခြောက်လအထိ ကြာမြင့်သွားနိုင်မည်ဖြစ်ပြီး ၎င်းကာလအတွင်း သူမမှာ အိမ်ပြာတော်တွင် ဆက်ရှိနေမှာဖြစ်ပေမယ့် အမည်ခံသက်သက်အဖြစ်သာ ရှိနေရမယ်လို့လည်း သိရပါတယ်။

သမ္မတ ပတ်ဂွန်ဟေး နှုတ်ထွက်ပေးဖို့ မကြာခင် ရက်များအတွင်း တောင်ကိုးရီးယားမှာ လူသန်းနဲ့ချီပြီး ဆက်တိုက်ဆန္ဒပြခဲ့ကြပါတယ်။

ပတ်ဂွန်ဟေးဟာ သူမရဲ့ လူရင်းမိတ်ဆွေတစ်ဦးဖြစ်တဲ့ ချောင်ဆောင်စီက သမ္မတနှင့် သိကျွမ်းမှုကို အခွင့်ကောင်းယူကာ အာဏာနှင့် ငွေကြေးကိစ္စရပ်များတွင် အလွဲသုံးစားပြုလုပ်တယ်လို့ စွပ်စွဲခံထားရတာဖြစ်ပါတယ်။

=============

Mizzima - News in Burmese

http://www.mizzimaburmese.com/article/21106
Labels:

Post a Comment

  1. ပတ်ဂွန်ဟေးဟာ သူမရဲ့ လူရင်းမိတ်ဆွေတစ်ဦးဖြစ်တဲ့ ချောင်ဆောင်စီက သမ္မတနှင့် သိကျွမ်းမှုကို အခွင့်ကောင်းယူကာ အာဏာနှင့် ငွေကြေးကိစ္စရပ်များတွင် အလွဲသုံးစားပြုလုပ်တယ်လို့ စွပ်စွဲခံထားရတာဖြစ်ပါတယ်။ ချောင်ဆောင်စီ မဟုတ်ပါ / 최순실(ချွဲဆိုးန်ရှီး) ြဖစ်ပါသည်/ ေကျးဇူးတင်ပါသည်/

    ReplyDelete

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.