ထိုင်ဝမ်မှာ တရားဝင်လိင်တူထိန်းမြားခွင့် ထောက်ခံသူနဲ့ ကန့်ကွက်သူတွေ ဆန္ဒပြ


 ဒီဥပဒေသာ အတည်ဖြစ်သွားခဲ့ရင် ထိုင်ဝမ်နိုင်ငံဟာ အာရှမှာ တရားဝင် လိင်တူ ထိန်းမြားခွင့် ပထမဆုံးပေးတဲ့ နိုင်ငံ ဖြစ်လာမယ်
ထိုင်ဝမ်နိုင်ငံ တိုင်ပေမြို့တော်မှာ တရားဝင် လိင်တူ ထိန်းမြားခွင့် ဥပဒေကြမ်းတင်မယ့် အစီအစဉ်ကို ကန့်ကွက်သူတွေက ထောက်ခံသူတွေနဲ့ အပြိုင် ပါလီမန်ရှေ့မှာ ထောင်နဲ့ချီပြီး ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြသူတွေဟာ ပါလီမန်ထဲကိုလည်း ဝင်ဖို့လည်း ကြိုးစားခဲ့ကြတဲ့အတွက် ရဲတွေနဲ့ ထိပ်တိုက် တွေ့ခဲ့ကြပါတယ်။

ဒီ ဥပဒေသာ အတည်ဖြစ်သွားခဲ့ရင် ထိုင်ဝမ်နိုင်ငံဟာ အာရှမှာ တရားဝင် လိင်တူ ထိန်းမြားခွင့် ပထမဆုံးပေးတဲ့ နိုင်ငံ ဖြစ်လာမှာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း နောက်ဆုံး ထိုင်ဝမ်လူထုအတွင်း သဘောထား ကောက်ခံမှုတွေမှာတော့ ၆၀ရာခိုင်နှုန်းလောက်က ဒီဥပဒေကို သဘောမတူကြတာကို တွေ့ရပါတယ်။

BBC Burmese
http://www.bbc.com/burmese
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.