ရုရှား ဂျက်လေယာဉ်ပျက်ကျမှုတွင် သေဆုံးသူမရှိသော်လည်း ၁၆ဦး ဒဏ်ရာရရှိ


ရုရှားဂျက်လေယာဉ် တစ်စီးအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)
    မော်စကို၊ ဒီဇင်ဘာ ၁၉ရက် (ဆင်ဟွာ)

    Siberia ပြည်နယ်တွင် ပျက်ကျခဲ့သော ရုရှား Il-18လေယာဉ်ပေါ်၌ လိုက်ပါလာသည့် လူ၃၉ဦးအား ကယ်ဆယ်နိုင်ခဲ့သော်လည်း ၎င်းတို့အနက် အနည်းဆုံး ၁၆ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း RIA Novosti သတင်းဋ္ဌာန က ရုရှားကာကွယ်ရေးဝန်ကြီးဋ္ဌာန၏ပြောကြားချက်ကို ကိုးကား၍ ဒီဇင်ဘာ ၁၉ရက်တွင်ဖော်ပြခဲ့သည်။

လေယာဉ်ပေါ်တွင်လိုက်ပါလာသူများအား ရုရှားနိုင်ငံ အရှေ့စွန်းပိုင်း Tiksi မြို့ ရှိ ဆေးရုံများသို့ ရဟတ်ယာဉ်ဖြင့်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာ ၁၉ရက်နံနက်ပိုင်းက Tiksiလေပိုင်နက်မှ ၁၉မိုင်အလွန်တွင် Il-18လေယာဉ် မြေပြင်သို့ ပျက်ကျခဲ့ကြောင်း နှင့် လေယာဉ်ပေါ်၌ ခရီးသည် ၃၂ဦး နှင့် လေယာဉ်ဝန်ထမ်း ၇ဦးလိုက်ပါလာကြောင်း ကာကွယ်ရေးဝန်ကြီးဋ္ဌာနက အတည်ပြုခဲ့သည်။

(Xinhua)
http://www.xinhuamyanmar.com
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.