ကျပ်သိန်းတစ်သောင်းတန် အောင်ဘာလေထီကိုယ်စားလှယ်ယူရောင်းရန် လျှောက်ထားသူများလွန်းနေ၍ စိစစ်ဆဲဟုဆို


အသစ်ဖွင့်လှစ်မည့် အောင်ဘာလေကျပ်သိန်းတစ် သောင်းဆုအတွက် ငါးရာကျပ်တန်ထီလက်မှတ်များ ရောင်းချရန် ကိုယ်စားလှယ်လျှောက်ထားသူများတွင် ပါမစ်ရလိုမှုသက်သက် ဖြင့် လျှောက်ထားသူ များစွာပါဝင်နေကြောင်း သတင်းရရှိသည်။

‘‘အရမ်းများနေတော့ ထီအ က္ခရာအလုံးရေ ရာချီထိထုတ်ဖို့ တွေ တောင်းလာကြတယ်။ အဲဒီ လောက်ကြီးကျတော့မနိုင်မနင်း ကြီးဖြစ်သွားနိုင်တယ်။ အဲဒါ ကြောင့်တောင်းဆိုသလောက် ထုတ်မပေး နိုင်လို့ ဖြတ်ချနေရတယ်။ တချို့ တွေက အစမို့လို့ပါမစ်ရထားပြီး နောက် လုပ်စားလို့ရမလားဆိုပြီး လျှောက်နေကြတာမျိုးတွေ ရှိနေ တယ်။ အဲဒါတွေလည်း စိစစ်နေရ တယ်’’ဟု ပြည်တွင်းအခွန်များဦး စီးဌာနညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ပြောသည်။

ထီအက္ခရာတစ်လုံးလျှင် ထီ စောင်ရေ ကိုးသိန်းခန့် ရိုက်နှိပ်ရပြီးငါးရာကျပ်တန်ထီကို အက္ခရာသုံးလုံးခန့်ဖြင့်သာ ကနဦး စတင်ရိုက်နှိပ်ရောင်းချရန် စီစဉ် ထားသည်ဟု ဆိုသည်။

ငါးရာကျပ်တန်အောင်ဘာ လေထီသည် အမြင့်ဆုံးဆုငွေကျပ် သိန်းတစ်သောင်းအထိ ရရှိမည် ဖြစ်၍ ရောင်းချလိုသူများနှင့် ၀ယ်ယူကံစမ်းလိုသူများပါ စိတ်ဝင်စား မှုမြင့်တက်နေကြောင်း ထီလုပ် ငန်းအသိုင်းအ၀ိုင်းက ဆိုသည်။

‘‘ကိုယ့်လိုပဲ လျှောက်ထားတဲ့ သူများနေတယ်။ တချို့သူတွေကျ တော့ ပါမစ်ယူထားပြီး နောက်ပိုင်း ထီလက်မှတ်ဈေးကစားဖို့ လျှောက်ကြတာတွေ တွေ့ရတယ်။ အဲဒီလူ တွေများလာရင် ထီလက်မှတ်ဈေး နှုန်းက အပြင်မှာ သတ်မှတ်နှုန်းထက်များလာတာမျိုး ဖြစ်လာနိုင်တယ်’’ဟု ထီကိုယ်စားလှယ်လျှောက်ထား သူတစ်ဦးက ပြောသည်။

ထီကိုယ်စားလှယ်များ ဈေးတင်ပြီး မရောင်းစေရန် အာမခံငွေ (Deposit) ကြိုတင်ပေးသွင်းစေပြီး အောင်ဘာလေသိန်း ဆုဌာနနှင့်လည်း ပဋိညာဉ်စာချုပ် ချုပ်ဆိုမှုပြုလုပ်စေခြင်းဖြင့် ကနဦးထိန်းချုပ်ထားကြောင်း သတင်းရရှိသည်။

ထီလက်မှတ် ၁၁ စောင်ပါ ထီစာအုပ်တစ်အုပ်လျှင် အာမခံ ငွေကျပ်တစ်ရာနှုန်းဖြင့် သုံးလစာ ကြိုတင်ပေးသွင်းစေပြီး ထီလက် မှတ်ဆက်လက်ရောင်းချလိုခြင်း မရှိကြောင်း သုံးလကြိုတင်အ ကြောင်းကြားခြင်း မရှိပါက အာမခံငွေပြန်လည် ထုတ်ပေးမည် မဟုတ်ဟုဆိုသည်။

ထို့အပြင် ငါးရာကျပ်တန် ထီဖွင့်လှစ်ရာတွင် ထီဈေးကြီးမြင့် မှု မရှိစေရန် အစိုးရက အရန်ထီလက်မှတ်များ ထားရှိမည်ဖြစ်ပြီး ဈေးကွက်အတွင်း ထီဈေးမြင့်လာ ပါက အဆိုပါ အရန်ထီလက်မှတ် များကို ဖြန့်ဖြူး၍ ဈေးထိန်းညှိမည် ဟု ဦးမင်းထွဋ်က ဆိုသည်။

အဆိုပါ ငါးရာကျပ်တန်ထီ လက်မှတ်များကို ၂၀၁၇ မတ်လအတွင်းစတင် ရောင်းချကာ ဧပြီ ၁ ရက်တွင် ပေါက်မဲဖွင့်လှစ်မည် ဖြစ်သည်။

=============

7Day News Journal

http://www.7daydaily.com/story/84435
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.