လူ ၉၁ ဦး လိုက်ပါလာတဲ့ ရုရှားစစ်တပ်လေယာဉ် ပင်လယ်နက်ထဲ ပျက်ကျခဲ့


လူ ၉၁ ဦး လိုက်ပါလာတဲ့ ရုရှား စစ်တပ်လေယာဉ်ဟာ ပင်လယ်နက်ထဲ ပျက်ကျခဲ့တယ်လို့ ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။ Tu-154 လေယာဉ်ဟာ ရုရှားနိုင်ငံ မော်စကိုမြို့က ထွက်ခွာလာခဲ့ပြီး ဆီးရီးယားနိုင်ငံ လာတာကိုင်ရာ ခရိုင်ကို ဦးတည်ပျံသန်းနေတာပါ။

ဆိုချီမြို့က အက်ဒ်လာ(Adler)လေဆိပ်မှာ ဆီဝင်ဖြည့်ပြီးနောက် မိနစ် ၂၀ အကြာမှာ ရေဒါထဲကနေ Tu-154 လေယာဉ် ပျောက်ကွယ် သွားတာဖြစ်ပါတယ်။ အဲဒီလေယာဉ်ပေါ်မှာ ရုရှားစစ်တပ်က အရာရှိတွေ၊ နာမည်ကျော် Alexandrov စစ်တီးဝိုင်းက အဖွဲ့ဝင်တွေနဲ့ သတင်းထောက်တွေ လိုက်ပါလာခဲ့ကြပါတယ်။

ဆီးရီးယားနိုင်ငံကို စေလွှတ်ထားတဲ့ ရုရှားစစ်သည်တွေအတွက်
နှစ်သစ်ကူး ပျော်ပွဲရွှင်ပွဲ ကျင်းပပေးဖို့ ရည်ရွယ်ပြီး ဖျော်ဖြေရေး သမားတွေကို Tu-154 လေယာဉ်နဲ့ ခေါ်ဆောင်လာခဲ့တာပါ။

လက်ရှိအချိန်မှာ ဆိုချီမြို့ ပင်လယ်နက်ကမ်းခြေရဲ့ ၁.၅ ကီလိုမီတာ အကွာအဝေးက အနက် ၅၀ နဲ့ ၇၀ မီတာကြားမှာ လေယာဉ်အပျက်အစီး အပိုင်းအစတွေကို ရှာတွေ့ပါပြီလို့ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

Nz (ရိုးရာလေး)
www.yoyarlay.com
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.