"ပထမအကျော့ အိမ်ကွင်းမှာ ထိုင်းကို ၂ဂိုးပြတ်နဲ့ မြန်မာရှုံးခဲ့"


"မြန်မာ ၀-၂ ထိုင်း"
( ဆီမီးဖိုင်နယ် ပထမအကျော့)

အာဆီယံ ချန်ပီယံရှစ်ပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ် ပထမအကျော့မှာတော့ မြန်မာက အိမ်ကွင်းမှာ ထိုင်းကို ၂ဂိုးပြတ်နဲ့ ရှုံးခဲ့ပါတယ်။ နှစ်ကျော့ကစားရမယ့် ဆီမီးမှာ မြန်မာအသင်းအတွက် အခွင့်အရေးရှိသေးပေမယ့် ထိုင်းအသင်းရဲ့ ကစားပုံကြောင့် မြန်မာတို့ ဖိုင်နယ်တက်ဖို့အခွင့်အရေးနည်းသွားပြီဖြစ်ပါတယ်။

 ဒီပွဲမှာ ထိုင်းက ဘောလုံးပိုင်ဆိုင်မှုအသာစီးနဲ့ ကစားခဲ့သလို ဂိုးသွင်းခွင့်တွေ လည်းရခဲ့ပါတယ်။ အထူးသဖြင့် တိုက်စစ်မှူး Teerasil Dangda က ခြေစွမ်းပြ ပြီး အနိုင်ဂိုး နှစ်ဂိုးစလုံးသွင်းယူခဲ့တာပါ။ မြန်မာဖက်က ပထမပိုင်းမှာ ချေပဂိုး ရဖို့ အခွင့်အရေးတွေရှိပေမယ့် အသုံးမချနိုင်ခဲ့လို့ ရှုံးခဲ့တာဖြစ်ပါတယ်။

ထိုင်းအသင်းက ဧရိယာအပြင်ဖက်ကနေ ကန်သွင်းခွင့်တွေနဲ့ ဂိုးရဖို့ကြိုးစား ခဲ့ပြီး မြန်မာအသင်းက တစ်ပွဲလုံးကို တန်ပြန်တိုက်စစ်နဲ့သာကစားခဲ့ရတာပါ။ ဗီယက်နမ်၊ မလေးရှားတို့နဲ့ ကစားခဲ့တဲ့ ဒုတိယပိုင်းက ခြေစွမ်းမျိုးမပြသာနိုင်ခဲ့ လို့ မြန်မာအသင်းရှုံးခဲ့တာဖြစ်ပါတယ်။

အခြားဆီမီးဖိုင်နယ်မှာ အင်ဒိုနီးရှားက ဗီယက်နမ်ကို ၂ဂိုး-၁ဂိုးနဲ့နိုင်ပါတယ်။ ဒုတိယအကျော့ပွဲကို လာမယ့် ဒီဇင်ဘာ ၈ရက်နေ့မှာ မြန်မာနဲ့ ထိုင်းတို့ ပြန်ကစားမှာဖြစ်ပါတယ်။
BBC Burmese
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.