"ဆန်းချက်ဇ်ရဲ့ ဟက်ထရစ်နဲ့ ဂိုးပြတ်နိုင်တဲ့ အာဆင်နယ်"

"၀က်စ်ဟမ်း ၁-၅ အာဆင်နယ်"

အစောပိုင်းက ချယ်လ်ဆီးနိုင်သွားခဲ့လို့ အာဆင်နယ်က ဒီပွဲကို သေချာပြင်ဆင်ခဲ့ပြီး အကောင်းဆုံးကစားသွားခဲ့ပါတယ်။ ပုံမှန်အတိုင်းပဲ ဆန်းချက်ဇ်ကို အထောင်ထားတဲ့ အာဆင်နယ်က ၀က်စ်ဟမ်းကို တစ်ပွဲလုံး စိတ်ကြိုက်ကစားသွားခဲ့ပါတယ်။ ၀က်စ်ဟမ်းက နောက်ခံလူ ကော်လင်းနာသွား ပြီးနောက်ပိုင်း အာဆင်နယ်က တစ်လျောက်ဖိကစားခဲ့ပါတယ်။ ပထမပိုင်းမှာ အပိုင်ဂိုးသွင်းခွင့်တွေများစွာရခဲ့ပြီးမှ အိုဇေးလ်ရဲ့ တစ်လုံးတည်းသောဂိုးနဲ့ ပြီးခဲ့တာပါ။ ၀က်စ်ဟမ်းနောက်ခံလူ အိုဘင်နာအမှားကနေ ဆန်းချက်ဇ်ပေးတာ ကို အိုဇေးလ်က သူ့ရဲ့ ဒီရာသီ ၈ဂိုးမြောက်ဂိုးသွင်းယူခဲ့တာပါ။

ဒုတိယပိုင်း အစလောက်မှာ ၀က်စ်ဟမ်းက ကစားပုံအနည်းငယ်ကောင်းလာပြီး ချေပဂိုးရဖို့ကြိုးစားခဲ့ပါတယ်။ အာဆင်နယ် ခံစစ်နဲ့ ကွင်းလယ်ကစားသမားတွေ ဂိုးမပေးရဖို့ ကစားခဲ့ရပါတယ်။ အဲ့ဒီနောက် တစ်ပွဲလုံးခြေစွမ်းပြနေတဲ့ ဆန်းချက်ဇ်က ၇၂၊ ၈၀၊ ၈၆မိနစ်မှာ ၃ဂိုးဆက်သွင်းခဲ့ပြီး ဟက်ထရစ်ရယူခဲ့ပါ တယ်။ တောင်ပံတစ်လျောက် အကောင်းဆုံးကစားနိုင်ခဲ့တဲ့ ချိန်ဘာလိန်က လည်း ၈၄မိနစ်မှာ ဧရိယာထိပ်ကနေ ကန်သွင်းပြီး တစ်ဂိုးရယူခဲ့ပါတယ်။ ၀က်စ်ဟမ်းအတွက် နှစ်သိမ့်ဂိုးကို ၈၃မိနစ်မှာ ပါယတ်ရဲ့ ဖရီးကစ်ကနေ တိုင်ထိပြီး ပြန်ထွက်လာတာကို ကာရိုးလ်က သွင်းယူခဲ့တာပါ။

အာဆင်နယ်က နောက်ပိုင်းမှာလည်း အခွင့်အရေးတွေ များစွာရခဲ့ပေမယ့် ၀က်စ်ဟမ်းဂိုးသမား ကောင်းခဲ့လို့ ၅ဂိုး-၁ဂိုးနဲ့ ဂိုးပြတ်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် အာဆင်နယ်ဟာ ပရီးမီးယားလိဂ်မှာ အဖွင့်ပွဲတုန်းက လီဗာပူးလ်ကိုရှုံးပြီးနောက်ပိုင်း ၁၃ပွဲဆက်တိုက် ရှုံးပွဲမရှိကစား နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
BBC Burmese
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.