"မြန်မာနိုင်ငံ ၆၆ (ဃ) သမိုင်းနဲ့ ပဲခူးသူ အမှု့



ပုဒ်မ ၆၆ ဃ နဲ့ ပတ်သက်လို့ မြန်မာပြည်သူတွေ အတွေ့အကြုံ မနုပါဘူး။
သာမန် အရပ်သားချင်း စွဲတဲ့ ၆၆ ဃ ပုဒ်မတွေကိုသာ အာမခံ ပေးခဲ့ဖူးပေမယ့်
နိုင်ငံတော်သမ္မတကြီး၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ ကာချုပ် စတဲ့ ကြီး ၃ ကြီး ကိုထိရင် အာမခံပေးခွင့် မရခဲ့ဘူး။

ရှေ့မှာ ချစ်သမီး၊ မောင်ဆောင်းခ၊ ဦးခွန်ဂျာလီ၊ ကြက်ဖကြီး၊ ဒေါက်မျိုးရန်နောင်သိမ်း စတဲ့ ကာချုပ်ဘက်က တရားစွဲတဲ့သူ မည်သူမှ အာမခံရတဲ့ ထုံးစံမရှိသလို
သမ္မတကို စော်ကားမှုနဲ့ မြဝတီက ဖွတ်စည်းမှုကို ထောင် ၉ လ အမိန့်ချလိုက်တယ်။

သမ္မတနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ကို လော်စပီကာတပ်ပြီး ဆဲဆိုထားတဲ့ video ဖွင့်မှုနဲ့ ပြည်က ကြံ့ဖွတ်စည်းမှုး မောင်မျိုးချစ် ဆိုသူကို သက်သေခံ video ဖိုင်ဖျောက်ပြီး ပြန်လွှတ်ခဲ့ပေမယ့် ၊ ခရိုင်အထိ ထပ်တိုင်တာကြောင့်
ပြန်ဖမ်းစစ်ပြီး ခုချိန်ထိ အာမခံပေးလို့ မရတော့ဘူး။

နေမျိုးဝေဆိုလည်း CID က သက်သေမခိုင်လုံကြောင်း
အကြောင်းပြန်ချက်ကြောင့်သာ အမှုကလွတ်လာခဲ့ပေမယ့်
အဲဒီ့နေ့အထိ အာမခံ မရခဲ့ဘူး။

အလားတူပဲ ငဖာ၊ နေလင်းအောင် စတဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ကို စော်ကားသူတွေကိုလဲ
ယနေ့အချိန်အထိ အကျဉ်းထောင်ထဲမှာ အစစ်ခံနေရဆဲ
ဘယ်သူမှ အာမခံ မရခဲ့ဘူး။

နောက်ဆုံးကုန်ကုန်ပြောရရင် ရန်ကုန်တိုင်းဝန်ကြီးချုပ်
ဦးဖြိုးမင်းသိန်းကို အသရည်ဖျက်မှုနဲ့ ၁ ပူးက CEO တောင်
အာမခံ လျှောက်လို့ မရခဲ့ဘူး။

ဒီလို အခြေအနေတွေ မြင်တွေ့နေ ကြားသိနေခဲ့ပါရဲ့နဲ့
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို စော်ကားမှုနဲ့ အရေးယူခံနေရတဲ့
ပဲခူးသူအမှုကို အာမခံပေးလိုက်တယ်ဆိုတာ မြန်မာနိုင်ငံရဲ့ ကြီးသုံးကြီး
၆၆ ဃ ရာဇဝင်မှာ ပထမဆုံး အာမခံပေးလိုက်ရတဲ့ အမှုဖြစ်သလို နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ကို ကြီးသုံးကြီး အဆင့်ကနေ ဖြုတ်လိုက်တဲ့
ပဲခူးမြို့နယ် တရားသူကြီးရဲ့ တရားစီရင်ရေးကို မေးခွန်းထုတ်ချိန် တန်ပါပြီ။

ဒီအမှုကို စစွဲကတည်းက ရဲက ဖမ်းဖို့ လက်ရှောင်နေခဲ့သလို
အကျဉ်းထောင်ကလည်း ထိန်းသိမ်းဖို့ ခက်နေပြန်တယ်။
တရားသူကြီးကလည်း အမိန့်ချဖို့ မလွယ်တာကြောင့် အာမခံပေးလိုက်ရပြန်တယ်။
အပြင်မှာ ထောက်ပံကြေးပေးဖို့ ငွေထုပ်ကိုင်ပြီး စောင့်နေတဲ့ သူတွေကအဆင်သင့် ။ ဒါတွေအားလုံးဟာ ကြိုတင်စီစဉ်ထားသလို ဆက်စပ်နေတာကို အထင်အရှား တွေ့မြင်နေရတယ်။

ထားပါတော့ သူတို့စွမ်းလို့ သူတို့ရအောင် ထုတ်နိုင်တဲ့အတွက် ဘာမျှ မပြောလိုတော့ပေမယ့် ၊ ပြောင်းလဲချိန်တန်ပြီလို့ ကြွေးကြော်ခဲ့တဲ့
အစိုးရလက်ထက်မှာ မြန်မာနိုင်ငံရဲ့ တရားစီရင်ရေး အရင် လူဟောင်းတသိုက်ရဲ့ ခါးပိုက်ဆောင်ထဲက ထွက်မလာသေးတာ တွေ့မြင်လိုက်ရတာကိုပဲ
ကြေကွဲဝမ်းနဲ နေမိပါတယ်။

ကျနော်တို့ ပြောင်းလဲချိန်တန်ပြီလို့ ကြွေးကြော်ခဲ့တဲ့ လက်သန်းတွေကို
ပဲခူးအမှုက လိမ်ချိုးသွားခဲ့တာပဲ။ ဒီအမှုအတွက် တရားစီရင်ရေးရဲ့ မျက်နှာလိုက်ခြင်းကို တရားဥပဒေ စိုးမိုးရေးကို လိုလားတဲ့
ပြည်သူတွေအနေနဲ့ လုံးဝဆန့်ကျင် ရှုံ့ချလိုက်သလို ၊
တာဝန်ရှိသူတွေ အမြန်ဆုံး ဒီအဖြစ်ကို တရားဥပဒေအတိုင်းဖြစ်အောင် စစ်ဆေးအရေးယူပေးပါရန် အသိပေး အကြောင်းကြားလိုက်ပါသည်။

#တရားဥပဒေစိုးမိုးရေး ကူညီတည်ဆောက်ကြသူများ ကွန်ယက်
.
Credit : တရားဥပဒေစိုးမိုးရေး ကူညီတည်ဆောက်ကြသူများ ကွန်ယက်
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.