ဆေးဝါးအတု(အတု) စစ်ဆေးတွေ့ရှိ



အများပြည်သူသိရှိရန် အသိပေးနှိုးဆော်ချက်
၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် အရည်အသွေးစစ်မှန် ကောင်းမွန်ပြီး ဘေးဥပဒ်အ္တရာယ်ကင်းရှင်းကာ အကျိုးအာနိသင်ရှိသောဆေးဝါးများကို အများပြည်သူတို့သုံးစွဲနိုင်ရန် စနစ်တကျကွပ်ကဲကြပ်မတ်လျက်ရှိပါသည်။

၂။ ဈေးကွက်ရှိဆေးဝါးများကို ပုံမှန်စစ်ဆေးဆောင်ရွက်ခဲ့ ရာ ဆေးဘူးပေါ်တွင် ဖော်ပြချက်အရ Henan Dekang Pharmaceutical Co., Ltd ထုတ် မြန်မာ နိုင်ငံတွင် ဆေးဝါးမှတ်ပုံတင်မရှိသော Griseofulvin Tablets 125mg ဆေးဝါး သည် ဆေးဝါးအတု(အတု)ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိ ရပါသည်။

၃။ ဆေးဝါးအတု၊ စံမညီဆေးဝါးများကို မှီဝဲသောရောဂါဝေဒနာရှင်များသည် စရိတ်များစွာကုန်ကျသည့်အပြင် မိမိတို့ခံစားနေရသော ရောဂါများပျောက် ကင်း ခြင်း(လုံးဝ)မရှိဘဲ ပိုမိုဆိုးရွားသောအခြေအနေခံစားရနိုင်ပါသည်။

သို့ပါ၍ ဆေးဝါး တင်သွင်းဖြန့်ဖြူးသည့် ကုမ္ပဏီ၊ ဆေးဆိုင်များ သည် မြန်မာနိုင်ငံတွင် မှတ်ပုံတင် ထားခြင်းမရှိသော ဆေးဝါး များ၊ ဆေးဝါးအတု၊ စံမညီဆေးဝါးများ တင်သွင်း ဖြန့်ဖြူးရောင်းချခြင်းများကို ကျင့်ဝတ်(ethic) အရ လုံးဝ (လုံးဝ)မပြုရန်နှင့် လိုက်နာဆောင်ရွက်ခြင်း မရှိပါက သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းက အမျိုးသား ဆေးဝါး ဥပဒေပုဒ်မ(၁၈)အရ ပြစ်မှုကျူးလွန်သူကို တရားစွဲဆိုအရေးယူ မည်ဖြစ် ကြောင်း အသိပေးအပ်ပါသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.