မိုင်းလား၏အရေးပါသည့် တပ်စခန်းကြီး နှစ်ခု ဝ တပ်ဖွဲ့ ထိန်းချုပ်ထားဆဲ


ဒီဇင်ဘာလ ၆ ရက် ၂၀၁၆

ဝ တပ်ဖွဲ့ဝင်ရောက် သိမ်းပိုက်ထားသည့် မိုင်းလားတပ်ဖွဲ့၏တပ်စခန်းကြီးများ မှ ပြန်လည်တပ်ရုပ်ပေးလိုက်သည်ဟု ဆိုသော်လည်း စစ်ရေး မဟာ ဗျူဟာ ကျ သည့် တပ်စခန်းကြီးနှစ်ခုကိုမူ တပ်ရုပ်ဖို့ ညွှန်ကြား ချက်မရေ သးဟု ရှေ့ တန်းရောက် ဝ အရာရှိ တဦးကပြောသည်။

“ ဒီဇင်ဘာ ၁ ရက်နေ့ နံနက်ပိုင်းက စစ်သည်ရာဂဏန်းထွက်ခွါသွားပြီ။ လွယ်ကျူဆိုင်း နဲ့ ဝမ့်နောင်ဟုတ် တပ်စခန်းတော့ ဆုတ်လို့မရသေးဘူး။ ညွှန်ကြားချက်မရသေးဘူးလေ”- ဟု ဝ အရာရှိ ဆိုင်းနပ် ကပြောသည်။

UWSA ဝ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် တပ်မဟာ ၄၆၈ ဌာချုပ် ထိန်းချုပ် နယ်မြေမှ ၁၀ မိုင်ခန့်အကွာ ဝမ့်နောင်ဟုတ်တွင် ဝ တပ်ဖွဲ့ ၁၀၀ ခန့် ၊ လွယ်ကျူဆိုင်း တပ်စခန်းတွင် ၁၀၀ ကျော် ဝ တပ်ဖွဲ့ အခြေချ နေထိုင်လျက် ရှိသေးကြောင်း ကြားသိရသည်။

“နိုဝင်ဘာ အကုန် ဒီဇင်ဘာ အကူး မှာ ဝ တပ်ဖွဲ့ ဒုတိယ ခေါင်းဆောင် ဦးရှောက်မင်လျံ ဦးဆောင်တဲ့ ဝ ကိုယ်စားလှယ်အဖွဲ့က မိုင်းလား ကိုလာပြီး မိုင်းလားခေါင်းဆောင်တွေနဲ့ တွေ့တယ်။ မိုင်းလားတပ်ဖွဲ့က နေ ဖမ်းထားတဲ့ ဝ လူတွေ၊ ဝ တပ်ဖွဲ့ပိုင် ကုန်ပစ္စည်းတွေ ပြန်ပေးဖို့ တောင်းတယ်။ လူတွေ အား လုံး ပြန်ပေးဖို့ မိုင်းလားသဘောတူတယ်။ ဒါ့ကြောင့်သူတို့က တပ်ဆုတ်ေ ပးလိုက်တယ်။ အားလုံးတော့ မဆုတ်သေးဘူး။ အခုက ကောင်း တဲ့အလား အလာပါ။ ဆက်ညှိနှိုင်းရင် အဆင်ပြေသွားမှာပါ” - ဟု ခိုင်လုံသည့် သတင်းက ပြောသည်။

၂၀၀၉ ခုနှစ်ကတည်း မိုင်းလားတပ်ဖွဲ့ နှင့် ဝ တပ်ဖွဲ့ကြား သဘောတူညီ ချက်ဖြင့်ရောက်ရှိ လာသည့် ဝ တပ်ဖွဲ့များကိုမူ နဂိုသဘောတူညီချက်အတိုင်း မိုင်းလားနယ်မြေ အတွင်း ဆက်ရှိမည်ဖြစ်ကြောင်း၊ သို့သော် ၂၀၁၆ စက်တင် ဘာ ၂၈ ရက်နေ့က ရောက်ရှိလာသည့် ဝ တပ် အသစ်များ အားလုံး တပ်ပြန် ဆုတ်ပေးရန် မိုင်းလားဘက်က တောင်းဆိုထားကြောင်း၊ ဝ ဘက်ကလည်း မိုင်းလားတပ်ဖွဲ့မှ ထိန်းသိမ်းထားသည့် ဝ ကူးသန်းရောင်းဝယ်ရေး သမားများ၊ ၎င်းတို့ ကုန်ပစ္စည်းများအားလုံး ဝ တပ်ဖွဲ့မှ ပြန်အပ်ပေးရန် ဦးရှောက်မင်လျှံ ၏ မိုင်းလား ခရီးစဉ်တွင် ညှိနှိုင်းကြခြင်းဖြစ်ကြောင်း ကြားသိရသည်။

စက်တင်ဘာ ၂၈ ရက် ၂၀၁၆ က မိုင်းလား တပ်ဖွဲ့၏ ခိုဆုန်ဂိတ်စခန်း၊ လွယ်ကျူဆိုင်း၊ လွယ်ဆမ်ဆုန်၊ ကျူမတ်ဖိုင်းဂိတ်စခန်း တို့အား ဝ တပ်ဖွဲ့ အင်အား ၁၀၀၀ ခန့်က ဝင်ရောက် သိမ်းပိုက်သည်။

ထို့အပြင် ဆီလူး - မိုင်းပေါက် လမ်းမ ပေါ် ရှိ မိုင်းလားတပ်ဖွဲ့၏ ခံတပ်စခန်းနှင့် အပြိင် ဝမ့်ဟုတ်ရွာအတွင်း တွင်လည်း ဝ တပ်ဖွဲ့မှ ဂိတ်စခန်းသစ် တိုးချဲ့ ချထားခဲ့သည်။ နိုဝင်ဘာ ၈ ရက်နေ့က တပ်အင်အား ၃၀၀ ကျော် နှင့် သံချပ်ကာကားများ ပထမ အကြိမ်တပ်ဆုတ်ရာ ယခု ဒီဇင်ဘာ ၁ ရက်နေ့က ဒုတိယ အကြိမ် ဝ တပ်များ မိုင်းလားနယ်မြေမှ ထပ်မံ ဆုတ်သော်လည်း လွယ်ကျူဆိုင်းနှင့် ဝမ့်နောင်ဟုတ်ဂိတ်စခန်း မှာ မူ တပ်ရုပ်ပေးခြင်းမရှိသေးပေ။

သျှမ်းသံတော်ဆင့် - ဟွမ်ဟိန်း
Panglong(Burmese)
https://www.facebook.com/Panglong.burmese/
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.