ဆီးနှင်းများ သည်းထန်စွာကျဆင်းမှုကြောင့် ဂျပန်လေဆိပ်၌လူပေါင်းထောင်ချီလောက် သောင်တင်နေ

တိုကျို။ ။ ဂျပန်နိုင်ငံမြောက်ပိုင်း၌ ဆီးနှင်းများ သည်းထန်စွာ ကျဆင်းမှုကြောင့် အားလပ်ရက်ပိတ်ရက်တွင် လမ်းပန်းဆက်သွယ်ရေး ပရမ်းပတာဖြစ်မှုကို ကြုံတွေ့နေရပြီး လေယာဉ်ခရီးစဉ်နှင့် ရထားခရီးစဉ်များကို ဖျက်သိမ်း လိုက်ကာ ထောင်နဲ့ချီသော ခရီးသည်တွေကို ဒေသဆိုင်ရာလေဆိပ်အသီးသီး၌ သုံးညဆက်တိုက် ၀င်ခိုနေကြရန် ညွှန်ကြားခဲ့ရပါသည်။

ဆပ်ပိုရိုနှင့် ဟော့ကိုင်ဒိုကျွန်းတို့တွင် ပြီးခဲ့သော ဒီဇင်ဘာ ၂၃ရက်သောကြာနေ့တုန်းက ဆီးနှင်းများ ၃၈လက်မ လောက်အထိ ထူထပ်စွာ ကျဆင်းခဲ့ပြီး ဂျပန်မိုးလေ၀သအေဂျင်စီ၏ အဆိုအရ ရာစုနှစ်ဝက်အတွင်း ၄င်းမြို့၌ ဆီးနှင်း အသည်းထန်ဆုံးကျဆင်းမှုတစ်ခု ဖြစ်တယ်လို့ သိရပါသည်။

ထိုဆီးနှင်းများဟာ မြောက်ပိုင်းကျွန်းဒေသ၏ အဓိက အ၀င်ဝဖြစ်သည့် New Chitose လေဆိပ်တစ်ခုလုံးကို ဖုံးလွှမ်းထားသောကြောင့် ရာနှင့်ချီသော လေကြောင်းခရီးစဉ်များကို ဖျက်သိမ်းလိုက်ရပါသည်။

လွန်ခဲ့သောကြာသာပတေးနေ့ညက လူပေါင်း ၂၅၀၀လောက်ကို ထိုလေဆိပ်တွင် ၀င်ခိုခိုင်းလိုက်ရပြီး သောကြာ နေ့ညတွင် လူပေါင်း ၆၀၀၀၊ စနေနေ့ညတွင်လူပေါင်း ၂၆၀၀ လောက်ကိုလေဆိပ်၌ နေထိုင်ခိုင်းထားရကြောင်း လေဆိပ်လုံခြုံရေးအရာရှိများ၏ အဆိုအရ သိရပါသည်။

Ref: Channel News Asia Mizzima - News in Burmese
Labels:

Post a Comment

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.