ဆင်ကို လေးခွနှင့်ပစ်သော ဆင်နောက်ထိန်း(ပဲ့ချိတ်)အား ဆင်မှနှာမောင်းနှင့် တွန်းပက်လိုက်သဖြင့် ဒဏ်ရာရသေဆုံး


မိုးညှင်း ဒီဇင်ဘာ ၂၆

ကချင်ပြည်နယ် မိုးညှင်းမြို့ နယ် ဘီလူးကျေးရွာ အနောက်ဖက် အင်ကြင်းတောင်ပေါ်တွင် ဆင်ကို
လေးခွနှင့် ပစ်သော ဆင်နောက်ထိန်း(ပဲ့ချိတ်)အား ဆင်မှနှာမောင်းနှင့် တွန်းပက်လိုက်သဖြင့် ဒဏ်ရာရသေဆုံးခဲ့ ရကြောင်း သိရှိရသည်။

စုံစမ်းသိရှိရသည်မှာ ဒီဇင်ဘာလ(၂၅)ရက်နေ့ နံနက်(၉)နာရီအချိန်တွင် မိုးညှင်းမြို့ နယ် ဘီလူးကျေးရွာအနောက်ဖက် အင်ကြင်းတောင် ပေါ်တွင် ဆင်ထိန်းဇော်ဂွန်း(ခ)ဇော်လှို င်သည် ဝင်းစိုး lနို င်ဝင်းl ဆင်နောက်ထိန်း(ပဲ့ချိတ်) သန့် ဇင်တို့ နှင့်အတူ ဆင်အားထိန်းကျောင်း ခဲ့သည်။

ထိုစဉ်၎င်းတို့ ထိန်းကျောင်းနေသော ဆင်မှာသစ်ပင်ကို အောင်းနေသဖြင့် ဆင်နောက်ထိန်း(ပဲ့ချိတ်)ဖြစ်သူသန့်ဇင်မှ လေးခွနှင့်ပစ်သဖြင့် ဆင်မှနောက်ပြန်လှည့်ကာ သန့် ဇင်အား နှာမောင်းဖြင့်တွန်းပက်လိုက်ရာ သန့် စင်မှာလွင့် စင်ပြီး ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း အခင်းဖြစ်ပွါးရာသို့ မိုးညှင်းမြို့ မရဲစခန်းမှ စခန်းမှူးဒုတိယရဲမှူးကျော်ဆန်းနှင့်တပ်ဖွဲ့ ဝင်များ ဘီလူးကျေးရွာအုပ်ချု ပ်ရေးမှူးဦးအောင်သူ ရာအိမ်မှူးဦးစံမြင့်တို့ နှင့်အတူအခင်းဖြစ်အရပ် သို့သွားရောက်ကြည့်ရှု ရာဆင်နောက်ထိန်း (ပဲ့ချိတ်)သန့် ဇင်(၃၈)နှစ်(ဘ)ဦးကြည်မောင်l ပင်းဟဲကျေးရွာနေထိုင်သူသည်ဝဲဘက်နှု တ်ခမ်း လက်မဝက်ခန့် ပေါက်ပြဲဒဏ်ရာတချက် ဝဲဘက်နံရိုးကျိုးဒဏ်ရာlယာဘက်ခါးပွန်းခြစ်ဒဏ်ရာl နှာခေါင်းသွေးထွက် ဒဏ်ရာ လည်ပင်းယာဘက်ဘေး ပွန်းခြစ်ဒဏ်ရာများရရှိကာ သေဆုံးနေသည်ကိုတွေ့ ရှိရကြောင်း ထို့ နောက်သေဆုံးနေသော သန့်ဇင်၏အလောင်းအား ရဲဆေးစာဖြင့် မိုးညှင်းခရိုင်ဆေးရုံကြီးသို့ ဆောင်ကာမိုးညှင်း မြို့ မ ရဲစခန်းမှသေမှု သေခင်း အမှတ်စဉ်၂၃/၂၀၁၆ဖြင့်ရေးဖွင့် ထားခဲ့ကြောင်း သိရှိရသည်။

Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.