ကိုမျိုးရန်နောင်သိမ်း အာမခံ ပယ်ချခံရ

 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုသုတေသနဌာန ဒုတိယတာဝန်ခံ ကိုမျိုးရန်နောင်သိမ်း ကို လှိုင်မြို့နယ်တရားရုံးမှာ နိုဝင်ဘာလ ၄ ရက်နေ့က ရုံးထုတ်ခဲ့စဉ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုသုတေသနဌာန ဒုတိယတာဝန်ခံ ကိုမျိုးရန်နောင်သိမ်း ကို လှိုင်မြို့နယ်တရားရုံးမှာ နိုဝင်ဘာလ ၄ ရက်နေ့က ရုံးထုတ်ခဲ့စဉ်
Photo: Htet Arkar/RFA
ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ ဃ နဲ့ တရားစွဲဆိုခံထားရတဲ့ NLD ပါတီ ဗဟိုသုတေသန လမ်းညွန်အဖွဲ့ အတွင်းရေးမှူး ကိုမျိုးရန်နောင်သိမ်းရဲ့ အာမခံလျှောက်ထားမှုကို ရန်ကုန် အနောက်ပိုင်းခရိုင် တရားရုံးက ဒီနေ့ ပယ်ချလိုက်ပါတယ်။

အာမခံပေးလို့မရတဲ့အမှုဖြစ်တဲ့အပြင် အာမခံတောင်းခံသူမှာ ထူးခြားတဲ့အခြေအနေ မရှိတဲ့အတွက် အာမခံမပေးဖို့ အမိန့်ချမှတ်လိုက်တယ်လို့ ကိုမျိုးရန်နောင်သိမ်းရဲ့ အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဦးကျော်ဟိုး က ပြောပါတယ်။

"ဒီအမှုကတဲ့ ရာဇ၀တ်ကျင့်ထုံးဥပဒေ နောက်ဆက်တွဲဇယားအရ အာမခံပေးလို့ မရတဲ့အမှုဖြစ်နေတယ် ပြီးတော့ ကျနော်တို့ အာမခံတောင်းတဲ့သူက ထူးခြားတဲ့အခြေအနေ ရှိတဲ့အကြောင်း မတင်ပြနိုင်ဘူးပေါ့၊ အဲ့ဒါကြောင့် မပေးဘူးပေါ့"

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို အင်တာနက်စာမျက်နှာမှာ ဝေဖန်ရေးသားတယ်ဆိုပြီး ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ ဃ နဲ့ နိုဝင်ဘာလ ၄ ရက်နေ့က ကိုမျိုးရန်နောင်သိမ်းကို ဖမ်းဆီးခဲ့ပြီး ကမာရွတ်မြို့နယ် တရားရုံးမှာ ရုံးတင်စစ်ဆေးနေတာဖြစ်ပါတယ်။

ဥပဒေအရ အာမခံလျှောက်ထားမှုကို တိုင်းအဆင့်ထိတက်နိုင်ပေမယ့် အမှုကြန့်ကြာနေမှာ စိုးတဲ့အတွက် အာမခံလျှောက်ထားမှုကို ရပ်တန့်ပြီး အမှုဆက်လက်စစ်ဆေးသွားမယ်လို့ ဦးကျော်ဟိုး ကပြောပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို ပုတ်ခတ်ရေးသားတယ်ဆိုပြီး ပုဒ်မ ၆၆ ဃ နဲ့ တရားစွဲဆိုခံထားရတဲ့ မစန္ဒီမြင့်အောင်ရဲ့ အာမခံလျှောက်ထားမှုကို ပဲခူးတိုင်း တရားရုံးက ဒီနေ့ လက်ခံပြီး အာမခံနဲ့ လွှတ်ပေး လိုက်ပါတယ်။
RFA
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.