ဖိလစ်ပိုင်မှာ မနီလာအထိ ရောက်မယ့် မုန်တိုင်းဝင်



ဒီမုန်တိုင်းဝင်ရောက်နိုင်တဲ့ လမ်းကြောင်းက ထွက်ခွာဖို့ ငြင်းဆန်တဲ့သူတွေကိုလည်း ဘေးလွတ်ရာပြေးကြဖို့ အာဏာပိုင်တွေက အမိန့်ထုတ်
ဖိလစ်ပိုင်နိုင်ငံ ကာတန်းဒွားနက်စ်ပြည်နယ်ကို ဝင်မယ့် နီနာမုန်တိုင်းဟာ တနာရီ ၁၈၅ ကီလိုမီတာနှုန်းရှိပြီး မြေပြိုမှုတွေ ဖြစ်နိုင်တယ်လို့ နိုင်ငံတွင်း သတင်းထုတ်ပြန်ထားပါတယ်။

နော့တန်းလို့လည်း အမည်ရတဲ့ ဒီမုန်တိုင်းဝင်ရောက်နိုင်တဲ့ လမ်းကြောင်းက ထွက်ခွာဖို့ ငြင်းဆန်တဲ့သူတွေကိုလည်း ဘေးလွတ်ရာပြေးကြဖို့ အာဏာပိုင်တွေက အမိန့်ထုတ်ထားပါတယ်။

မုန်တိုင်းကြောင့် လေကြောင်း၊ ရေကြောင်း ခရီးသွားလာမှုတွေ ဖျက်သိမ်းခဲ့တဲ့အတွက် ခရစ်စမတ်ရုံးပိတ်ရက်အတွင်း အိမ်ပြန်လာကြတဲ့ ဖိလစ်ပိုင်နိုင်ငံသားတွေလည်း ရောက်ရာအရပ်မှာ သောင်တင်နေကြပါတယ်။

မုန်တိုင်းဒဏ်ကြောင့် အဆောက်အအုံတွေ ပျက်စီးမယ့် အန္တရာယ်အပြင် သီးနှံစိုက်ခင်းတွေလည်း ပျက်စီးနိုင်တယ်လို့ အာဏာပိုင်တွေက သတိပေးထားပါတယ်။

မုန်တိုင်းဝင်ရောက်နိုင်မယ့် ဧရိယာဟာ လူနေထူထပ်တဲ့ ဧရိယာဖြစ်ပြီး မြို့တော် မနီလာရဲ့ အစိတ်အပိုင်းတွေလည်း ဒီထဲမှာ ပါဝင်နေတဲ့အတွက် ဒီမုန်တုန်းက လူသန်း လေးဆယ်လောက်အပေါ် သက်ရောက်မှု ရှိနိုင်ပါတယ်။

BBC Burmese
http://www.bbc.com/burmese
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.