တောင်ကိုရီးယားသမ္မတအပေါ် အယုံအကြည်မရှိ အဆို လွှတ်တော်အတည်ပြု


တောင်ကိုရီးယားသမ္မတ ပက်ဂွန်ဟေးကို သမ္မတအဖြစ် အယုံအကြည်မရှိအဆို တောင်ကိုရီးယားလွှတ်တော်မှာ ဒီကနေ့ မဲခွဲ ဆုံးဖြတ်။
တောင်ကိုရီးယားသမ္မတ ပက်ဂွန်ဟေးကို သမ္မတအဖြစ် အယုံအကြည်မရှိ အဆို တောင်ကိုရီးယားလွှတ်တော်မှာ ဒီကနေ့ မဲခွဲ ဆုံးဖြတ်ခဲ့တာမှာ လွှတ်တော် အမတ် ၃၀၀ မှာ ၂၃၄ ယောက်က ဒီအဆိုကို ထောက်ခံမဲ ပေး ခဲ့ကြပါတယ်။ ဒါကြောင့် ဒီအဆို အတည်ဖြစ်ဖို့အတွက် လိုအပ်တဲ့ သုံးပုံနှစ်ပုံ မဲထက်တောင် ပိုပြီး များခဲ့ပါတယ်။

သမ္မတ ပက်ဂွန်ဟေးအပေါ် လူထုထောက်ခံမှု မထင်မှတ်လောက်အောင် ရုတ်ချည်း ကျဆင်းသွားခဲ့တာ ကတော့ - သမ္မတအိမ်တော်မှာ ဒေါ်လာ သန်းနဲ့ချီတဲ့ အဂတိလိုက်စားမှု အရှုပ်တော်ပုံ ဖြစ်ခဲ့တယ်ဆိုတဲ့ သိပ်မကြာခင်က စွပ်စွဲချက်တွေကြောင့် ဖြစ်ပါတယ်။

Vote on the impeachment bill of President Park Geun-hye
ဒီကနေ့ လွှတ်တော်မှာ မဲခွဲ ဆုံးဖြတ်ခဲ့ပြီးတဲ့နောက်မှာတော့ လွှတ်တော်ဥက္ကဋ္ဌ Chung Se-kyun က တိုင်းပြည်တွင်း ကွဲလွဲမှုတွေကို ပြန်လည် စေ့စပ်ညှိနှိုင်းသွားဖို့နဲ့ လက်ရှိ အရှုပ်တော်ပုံကြောင့် အစိုးရလုပ်ငန်းတွေ မလုပ်နိုင်တော့အထိ ဖြစ်ခဲ့ရတဲ့ နိုင်ငံရေး မတည်ငြိမ်မှုတွေကို ပြန်လည် တည်ငြိမ်လာအောင် လုပ်ဆောင်ဖို့ အစိုးရကို တိုက်တွန်းခဲ့ပါတယ်။

သမ္မတအပေါ် အယုံအကြည်မရှိ အဆို လွှတ်တော်မှာ အတည်ပြုလိုက်တာကြောင့် မစ် ပက် အနေနဲ့ သမ္မတ လုပ်ပိုင်ခွင့်အာဏာတွေကနေ ရပ်ဆိုင်းခဲ့ရပြီး လောလော ဆယ် အစိုးရကိုတော့ ၀န်ကြီးချုပ် Hwang Kyo-ahn က ယာယီ ဦးဆောင်မှာဖြစ်ပါတယ်။ အခုလို လွှတ်တော်အတွင်း အတည်ပြုချက် ထွက်လာပြီးတဲ့ နောက်မှာတော့ လွှတ်တော်ရှေ့မှာ သမ္မတကို ကန့်ကွက် ဆန္ဒပြခဲ့ကြသူတွေကလည်း အောင်ပွဲခံခဲ့ကြ ပါတယ်။

အဂတိလိုက်စားမှု အရှုပ်တော်ပုံကြောင့် မစ် ပက်ကို ရာထူးကနေ ဖယ်ရှားဖို့ တောင်းဆိုတဲ့ လူထုဆန္ဒပြပွဲတွေ သီတင်းပတ်တွေနဲ့ချီ ဖြစ်ပွားနေခဲ့တာပါ။

အခု လွှတ်တော်က အတည်ပြုပြီးတဲ့နောက်မှာတော့ တောင်ကိုရီးယား နိုင်ငံရဲ့ ဖွဲ့စည်းပုံခုံရုံးအနေနဲ့ သမ္မတကို ရာထူးကနေ ဖယ်ရှားသင့်မသင့် ဆိုတာကို ၆ လအတွင်း ဆုံးဖြတ်ရမှာဖြစ်ပါတယ်။

 ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.