ဘရာဇီးဘောလုံးအသင်းပါဝင်သော လေယာဉ်ပျက်ကျမှုအတွက် ယနေ့ မြန်မာထိုင်းပွဲစဉ် ဝမ်းနည်းခြင်းအထိမ်းအမှတ် ပြုလုပ်မည်


ကိုလံဘီယာသို့ စင်းလုံးငှားလေယာဉ်ဖြင့် သွားရောက်စဉ် လေယာဉ်ပျက်ကျ၍ အသက်ဆုံးရှုံးခဲ့သည့် အုပ်ချုပ်သူ၊နည်းပြ၊ ကစားသမား အတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် ဒီဇင်ဘာလ ၄ရက်နေ့ ညနေ ၆နာရီတွင် ယှဉ်ပြိုင်မည့် ဆူဇူကီးဖလား ဆီမီးဖိုင်နယ်ပွဲစဉ် ဖြစ်သည့် မြန်မာနှင့်ထိုင်းအသင်းတို့ပွဲစဉ် မစတင်မီ နှစ်ဖက်အသင်းသားများနှင့် အတူ ဘောလုံးပရိသတ်များ တစ်မိနစ်ငြိမ်သက် ဆုတောင်းမည်ဖြစ်သည်ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ထုတ်ပြန်သည်။

ဘရာဇီး စီးရီးအေ အမှတ်ပေးပြိုင်ပွဲဝင် ချာပီကိုအန်ဆီ အသင်း ၂၀၁၆ Copa Sudamericana ပြိုင်ပွဲ(တောင်အမေရိက ကလပ်အသင်းများပြိုင်ပွဲတွင် ဒုတိယအဆင့်မြင့်ဆုံး)ဗိုလ်လုပွဲ ပထမအကျော့ယှဉ်ပြိုင်ရန် သွားရောက်စဉ် လေယာဉ်ပျက်ခဲ့ပြီး ပျက်ကျမှုမှာ လေယာဉ်ဆီလုံးဝကုန်ခမ်းသွားမှုကြောင့်ဖြစ်သည်ဟု ကိုလံဘီယာလေယာဉ်အာဏာပိုင်များက ပြောထားသည်။

မက်ဒလင်းတွင် နိုဝင်ဘာ ၃၀ ရက် ဗိုလ်လုပွဲအတွက် ဘရာဇီးဘောလုံးအသင်း ရှာပါးကွင်းစ် က အဆိုပါ လေယာဉ်တွင် လိုက်ပါလာခဲ့ခြင်းဖြစ်သည်။ အဆိုပါ လေယာဉ်သည် နိုဝင်ဘာ ၂၉ ရက်နေ့တွင် ပျက်ကျခဲ့ခြင်းဖြစ်သည်။
Mizzima - News in Burmese
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.