ဗင်နီဇွဲလား ငွေစက္ကူ ရုပ်သိမ်းမယ့် အစီအစဉ် ဆန္ဒပြမှုတွေကြောင့် ဆိုင်းငံ့



 မြို့ကြီး တွေမှာ စစ်တပ် က လုံခြုံရေး ရယူ ထား
ဗင်နီဇွဲလား နိုင်ငံမှာ အစိုးရက တစ်ရာတန် ဘိုလီဗာ ငွေစက္ကူ တွေ ကို ရုပ်သိမ်း ဖို့ စီစဉ် ခဲ့ပေမယ့် လုယက်မှုတွေ နဲ့ ဆန္ဒပြမှု တွေကြောင့် ငွေစက္ကူ ရုပ်သိမ်း မယ့် အစီအစဉ် ကို ဆိုင်းငံ့ ခဲ့ရပါတယ်။

ဗင်နီဇွဲလား နိုင်ငံ က မြို့ကြီး တွေမှာ စစ်တပ် က လုံခြုံရေး ရယူ ထားပြီး လုယက်မှု တွေ နဲ့ သံသယ ရှိသူ လူပေါင်း သုံးရာနီးပါး ကိုလည်း ဖမ်းဆီး ထိန်းသိမ်း ထား ပါတယ်။

တစ်ရာတန် ဘိုလီဗာ ငွေစက္ကူ ကို ရုပ်သိမ်း မယ့် အစီအစဉ် ကို လာမယ့် ဇန်နဝါရီ လ အထိ ဆိုင်းငံ့ ထားမယ်လို့ ဗင်နီဇွဲလား သမ္မတ နီကိုလာ မာဒူရို က ပြောကြား ခဲ့ ပါတယ်။

အစိုးရ ရဲ့ လွဲမှားတဲ့ စီမံ ခန့်ခွဲမှု ကြောင့် နိုင်ငံအတွင်းမှာ ရိက္ခာ ပြတ်လပ်မှုတွေ ကြုံတွေ နေရပြီး အခု ငွေစက္ကူ ရုပ်သိမ်း မယ့် အစီအစဉ် က ဆင်းရဲသား ပြည်သူ တွေကို ပိုမို ထိခိုက် စေမှာ ဖြစ်ကြောင်း ဗင်နီဇွဲလား ခရစ်ယန် ခေါင်းဆောင်တွေ က ဝေဖန် ခဲ့ပါတယ်။

BBC Burmese
http://www.bbc.com/burmese
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.