ရှမ်းမြောက်က ဒုက္ခသည်တွေ အတွက် အကူအညီ ပေးဖို့ ခက်နေ



တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားတဲ့ နေရာပြ မြေပုံ
ကချင်နဲ့ ရှမ်း မြောက်ပိုင်းမှာ ဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံတွေကို အရေးပေါ်လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ပေးရာမှာ အခက်ခဲရှိတယ်ဆိုပြီး Oxfam အဖွဲ့အပါအဝင် အဲဒီမှာ ကူညီမှုလုပ်နေတဲ့ အိုင်အန်ဂျီအို အဖွဲ့တွေနဲ့ ဒေသခံ အရပ်ဖက်အဖွဲ့အစည်း (၁၁)ဖွဲ့က စာထုတ်ပြန်ပါတယ်။

တိုက်ပွဲတွေဟာ အရပ်သားပြည်သူတွေနေတဲ နေရာ တွေနဲ့ ဒုက္ခသည်စခန်းနားမှာ ဖြစ်ပွားနေလို့ လုံခြုံရေး အခြေအနေအရ အကူအညီပေးဖို့ အခက်ခဲရှိနေတယ်လို့ Oxfam အဖွဲ့ကအရေးပေါ်လုပ်ငန်းလုပ်တဲ့ လူသားချင်းကူညီကယ်ဆယ်မှုအစီစဉ်ရဲ့ မန်နေဂျာ ဒေါ်စုစုဌေးက ပြောပါတယ်။

ရှမ်းပြည်မြောက်ပိုင်းက တိုက်ပွဲတွေကြောင့် ထွက်ပြေးနေရတဲ့ ဒုက္ခသည်တွေ မြန်မာပြည်ဖက်မှာ လေးထောင် ပတ်ဝန်းကျင် ရှိပြီး အစားအသောက် ၊ ရေ နဲ့ သန့်ရှင်းရေး ပစ္စည်းတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။

တိုက်ပွဲမှာ ပါဝင် ပတ်သက်နေတဲ့ အဖွဲ့အစည်းတွေ အနေနဲ့ အပြည်ပြည်ဆိုင်ရာ လူသားချင်း စာနာ ထောက်ထားမှု ဥပဒေတွေကို လေးစားလိုက်နာဖို့ လိုပြီး ၊ အရပ်သားတွေရဲ့ အိုးအိမ်တွေ ၊ အရပ်သားတွေ နေထိုင်နေတဲ့ နေရာတွေကို ကာကွယ် စောင့်ရှောက်ပေးဖို့ လိုသလို လက်ရှိ ဖြစ်နေတဲ့ တိုက်ပွဲတွေကို ရပ်ပေးပါလို့ ပန်ကြားလိုကြောင်း ဒေါ်စုစုဌေးက ပြောပါတယ်။

အခုလို ကူညီ ထောက်ပံ့ပေးနေတဲ့ အန်ဂျီအိုတွေ အနေနဲ့ ဘက်မလိုက် အဖွဲ့အစည်းတွေ ဖြစ်ပြီး အရပ်သားတွေ လိုအပ်နေတဲ့ အကူအညီနဲ့ အကာအကွယ်ပေးဖို့ ဆက်လက် လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

BBC Burmese
http://www.bbc.com/burmese
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.